Antibody helps keep HIV at bay for 10 months အင်တီဘော်ဒီပေးကုသနည်း

HIV ပိုးကူးစက်ခံထားရသူကို စမ်းသပ်ဆေးပေးနည်းကြောင့် ၁ဝ လအကြာမှာ ရောဂါထိန်းထားနိုင်တယ်လို့ ၂၆-၇-၂ဝ၁၇ နေ့သတင်းအရ သိရပါတယ်။ စမ်းသပ်ဆေးပေးနည်းမှာ အင်တီဘော်ဒီ ထိုးပေးတာဖြစ်တယ်။ လူနာ ၁၈ ယောက်ထဲက တယောက်မှာ တွေ့ရှိရတာဖြစ်တယ်။ တခြားလူနာတွေမှာလည်း ၂ ပတ်နေတော့ ဗိုင်းရပ်စ်တွေ တိုးပွါးလာမှုကို နှေးစေနိုင်တာ တွေ့ရပါသေးတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာကျင်းပတဲ့ ကွန်ဖရင့်ကနေ ထုတ်ပြန်လိုက်တာပါ။ Neutralizing antibodies ခေါ် အင်တီဘော်ဒီမျိုးဟာ လူနာ ၅ ယောက်မှာ ၁ ယောက်သာဖြစ်နိုင်တယ်။ အဲတာတောင် နှစ်တွေအတော်ကြာတယ်။

နောင်ဆိုရင် HIV ကို ထိုးဆေးနဲ့ကုမယ်ဆိုတဲ့သတင်းလည်းထွက်တယ်။ ထိုင်းနိုင်ငံမှာ ယူအက်စ်တပ်မတောက HIV Research Program သုတေသနလုပ်နေတာရှိတယ်။ တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ Neutralizing antibodies နူထရယ်လိုက်စ် ခေါ် အင်တီဘော်ဒီကို သွေးထဲ သွင်းပေးပါတယ်။ အဲလို ထိုးမပေးသူတွေမှာ ၁၄ ရက်နေတော့ ဗိုင်းရပ်စ်တွေပြန်ပေါ်လာပြီး ဆေးသွင်းသူတွေမှာ ၂၆ ရက်ကြာမှသာ ပြန်ပေါ်လာတယ်။ တချို့ဆိုရင် ဆေးထိုးပေးနေတာ ၁ဝ ကြာနေပြီ။ ၃ ပတ်တခါထိုးပေးတယ်။ မျောက်တွေကို စမ်းသပ်နေတာလည်းရှိတယ်။

အခုရက်အတွင်းမှာ ဆေးမျိုးစုံပေးလို့ သေဆုံးမှု ၂၇% လျော့နည်းတဲ့သတင်းလည်း ထွက်တယ်။ ဗဂျိုင်းထဲ ဆေးကွင်း ထည့်ထားရင် HIV ကိုကာကွယ်နိုင်တဲ့သတင်းလည်း ထွက်ခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၇
ညနေ ၆ နာရီ၊ ၃၅ မိနစ်။
http://www.bbc.com/news/health-40717613

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး