H1 N1 စိတ်မရှည် တုပ်ကွေး

တုပ်ကွေးက အတော်နှိပ်စက်တယ်။ သတင်းစထွက်ပြီး မိနစ်ပိုင်းကတည်းက ရေးပါတယ်။ စုစုပေါင်း ၁၄ ပုဒ်ရှိပြီ။ ရေဒီယိုကနေလည်း ၂ ခါရှိပြီ ဖြေရတယ်။

မေးခွန်းတွေလာတာ မရေတွက်နိုင်ပါ။ ဖြေသင့်တာတွေကို ဖြေတယ်။ လင့်တွေလည်း ပို့ပေးတယ်။ သိသင့်တာတွေကို မေးတဲ့သူရှိသလို သူများကို ဂျောက်ချတဲ့ဆေးနည်းတွေကို မေးလာသူတွေက အတော်ကိုများတယ်။ ကြက်သွန်ဖြူ၊ ဂျင်း၊ အုန်းရည်၊ ရမ်အရက်၊ B သွေး၊ အများကြီးပဲ။ အဲတာမျိုးတွေကို မဖြေချင်ပါ။ တတ်နိုင်သလောက်တော့ မဟုတ် မမှန် မှားယွင်းကြောင်းဖြေပါတယ်။ ကြာတော့ ကျွန်တော်လည်း စိတ်မရှည်နိုင်ဖြစ်လာတယ်။

တုပ်ကွေးစာ ၁၄ ပုဒ်တင်ထားပြီး။ တားမြစ်ချက်တွေထဲမှာ အဲတာမပါလို့ဖြေရင် နားလည်မှုပေးနိုင်သမျိုးကတော့

Hpone Khit May May ဟုတ်ကဲ့ပါလို့စာပြန်တယ်။ တယောက်ကတော့ -

Ever Smile ဆရာ B သွေးပိုင်ရှင်တွေက H1N1 ပိုဖြစ်နိုင်ခြေရှိတယ်ဆိုတာ ဟုတ်ပါသလား ခင်ဗျား

အမှားတွေ မေးရန်မလိုပါ။ ခဏခဏမေးနေကြတယ်။ မှန်တာကိုတော့ မေးသူက နည်းတယ်လို့ဖြေမိတော့ -

Ever Smile အမှားအမှန်ဆိုတာ သိချင်လို့ မေးတာပါ  အမှန်ပဲဖြစ်ဖြစ် အမှားပဲ ဖြစ်ဖြစ် သိနေရဲ့နဲ့တော့  မမေးပါဘူး  ဆေားရီးတဲ့။

ဖြေတဲ့သူ စိတ်မရှည်တော့ မေးတဲ့သူ စိတ်တိုရော။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၇
ည ၁၁ နာရီ၊ ၁၃ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး