မိုးကုတ်ဝိပဿနာထက်သာသော မြန်မာစာဆရာများသို့

ဝေဒနာကလဲ ဘယ်နှစ်မျိုးစုနေသလဲ။ ဒီနေရာမှာ အမှတ်ရလွယ်အောင် ဝေဒနာသုံးမျိုးဘဲမှတ်ထား။ သုံးမျိုးက ကောင်းဒါခံစားတဲ့ သုခဝေဒနာတမျိုး၊ မကောင်းဒါခံစားတဲ့ ဒုက္ခဝေဒနာတမျိုး၊ အသင့်အတင့်အမှတ်မထင်ခံစားတဲ့ ဥပေက္ခာဝေဒနာတမျိုးလို့ သုံးမျိုးဘဲမှတ်ကြ။ ဒီဝေဒနာသုံးပါးဟာ ဒကာဒကာမတို့သန္တာန်မှာ လှဲ့ပြီးဖြစ်ပျက်နေကြတယ်။ တခုမရှိတခု၊ တခုခုကတော့ ရှိနေမှာဘဲ။ သဘောပါကြလား။

သုခဝေဒနာတစ်မျိုး မဟုတ်။ ဒုက္ခဝေဒနာတစ်မျိုး မဟုတ်။ ဥပေက္ခာဝေဒနာတစ်မျိုး မဟုတ်။ တစ်ခုမရှိတစ်ခု မဟုတ်။ တစ်ခုခုကတော့ မဟုတ်။

မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဝိပဿနာစာအုပ်ထုတ်ထက် မြန်မာစာတော်ကြတတ်ကြကုန်သော ခေတ်တစ် (ခေတ်သစ် မဟုတ်) မြန်မာစာ ဆရာ့ဆရာကြီးများသိစေရန် ရိုသေလေးစားစွာဖြင့် -

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆
၂၅-၇-၂ဝ၁၇


ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်

အဘိဓမ္မာပိဋကတ် ကထာဝတ္ထုပါဠိတော် မြန်မာပြန် ပဌမတွဲ

သကဝါဒီ။ အမိဖြစ်၍ အမိမဟုတ်သော တစုံတယောက်သော ပုဂ္ဂိုလ်သည် ရှိပါသလော။
ပရဝါဒီ။ သြော် ရှိပါ၏။

သကဝါဒီ။ ပုဂ္ဂိုလ်ဖြစ်၍ ပုဂ္ဂိုလ်မဟုတ်သော တစုံတယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။
ပရဝါဒီ။ ဤသို့ကား မဆိုသင့်ပေ။

သကဝါဒီ။ အဖဖြစ်၍ အစ်ကိုညီဖြစ်၍ အစ်မ နှမ ညီမဖြစ်၍ မင်းမျိုးဖြစ်ပုဏ္ဏားမျိုးဖြစ်၍ ကုန်သည်မျိုးဖြစ်၍ သူဆင်းရဲမျိုးဖြစ်၍ အိမ်၌နေသူလူဖြစ်၍ နတ်ဖြစ်၍ လူမဟုတ်သော တစုံတယောက်သော ပုဂ္ဂိုလ်သည် ရှိပါသလော။
ပရဝါဒီ။ သြော် ရှိပါ၏။

သကဝါဒီ။ ပုဂ္ဂိုလ်ဖြစ်၍ ပုဂ္ဂိုလ်မဟုတ်သော တစုံတယောက်သောပုဂ္ဂိုလ်သည် ရှိပါသလော။
ပရဝါဒီ။ ဤသို့ကား မဆိုသင့်ပေ။

ဆဋ္ဌသံဂါယနာတင် ဆရာတော်ကြီးများထက် မြန်မာစာတော်ကြတတ်ကြကုန်သော ခေတ်တစ် (ခေတ်သစ် မဟုတ်) မြန်မာစာဆရာကြီးများသိစေရန် ရိုသေလေးစားစွာဖြင့် -

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆
၂၅-၇-၂ဝ၁၇


ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်

အဘိဓမ္မာပိဋကတ် ပုဂ္ဂလပညတ် ပါဠိတော် မြန်မာပြန်

၃၂။ နှစ်ဘဝသုံးဘဝ စသည် တမျိုးမှတမျိုး၌ဖြစ်၍ ပဋိသန္ဓေနေသော ကောလံကောလ ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုံးပါးသောသံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် သောတာပန်ဖြစ်၏။ အပါယ်လေးပါးသို့ ကျခြင်းသဘောမရှိ။ ကိန်းသေမြဲ၏။ အထက်မဂ်သုံးပါးလျှင် လည်းလျောင်းရာ၏။ ထိုပုဂ္ဂိုလ်သည် နှစ်ဘဝ၎င်း သုံးဘဝ၎င်း အမျိုးမျိုးတို့၌ ကျင်လည်ပြေးသွား၍ ဆင်းရဲ၏အဆုံးကိုပြု၏။ ဤပုဂ္ဂိုလ်ကို နှစ်ဘဝ သုံးဘဝသည် တမျိုးမှတမျိုး၌ဖြစ်၍ ပဋိသန္ဓေနေသော ကောလံကောလပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၃၃။ တဘဝသာ ပဋိသန္ဓေမျိုးစေ့ရှိသော ဧကဗီဇီပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုံးပါးသောသံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် သောတာပန်ဖြစ်၏။ အပါယ်လေးပါးသို့ ကျခြင်းသဘောမရှိ။ ကိန်းသေမြဲ၏။ အထက်မဂ်သုံးပါးလျှင် လည်းလျောင်းရာ၏။ ထိုပုဂ္ဂိုလ်သည် တကြိမ်သာလျှင် လူ့ဘဝ၌ဖြစ်၍ ဆင်းရဲ၏အဆုံးကိုပြု၏။ ဤပုဂ္ဂိုလ်ကို တဘဝသာလျှင် ပဋိသန္ဓေမျိုးစေ့ရှိသော ဧကဗီဇီပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

တစ်မျိုးမှတစ်မျိုး၌ဖြစ်၍ မဟုတ်။ တစ်ဘဝသာလျှင် မဟုတ်။ တစ်ကြိမ်သာလျှင် မဟုတ်။

ဆဋ္ဌသံဂါယနာတင် ဆရာတော်ကြီးများထက် မြန်မာစာတော်ကြတတ်ကြကုန်သော ခေတ်တစ် (ခေတ်သစ် မဟုတ်) မြန်မာစာ ဆရာ့ဆရာကြီးများသိစေရန် ရိုသေလေးစားစွာဖြင့် -

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆
၂၅-၇-၂ဝ၁၇


စောစံဖိုးသင်

ထူးခြားချက်တရပ်မှာ ယင်းဂျာနယ်အချို့တွင် ခေတ်အဆက်ဆက်က နိုင်ငံရေးလုပ်ငန်းများတွင် အရောင်အဆင်း အမျိုးမျိုးဖြင့် ပါဝင်ဆောင်ရွက်ခဲ့သူတို့က ကလောင်နာမည်အမျိုးမျိုးဖြင့်၎င်း၊ ပင်ကိုယ်နာမည်ရင်းဖြင့်၎င်း ပါဝင်ရေးသားလာကြခြင်းဖြစ်သည်။ ယင်းသို့ရေးသားကြသူများတွင် ကရင်အမျိုးသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သူ စောစံဖိုးသင်လည်းပါရှိလေသည်။

အိုးဝေဂျာနယ်တွင် စောစံဖိုးသင်ပြောသော ပုံပြင်ဟူ၍ အခန်းတခန်းဖွင့်ပြီး စောစံဖိုးသင် ရေးလိုပြောလိုသမျှကို ရေးသား ဖေါ်ပြရန် အယ်ဒီတာချုပ်က စီစဉ်ခဲ့လေသည်။ အိုးဝေဂျာနယ်တွင် အယ်ဒီတာတဦးဖြစ်နေသော စာရေးသူက ရိုးသားသော ကရင်အမျိုးသားတဦးအနေဖြင့် တိုတိုပြတ်ပြတ်ရေးသားသော စောစံဖိုးသင်၏ ဆောင်းပါးများကို တက္ကသိုလ်စိန်တင် ရေးခဲ့တာ ထူးခြားချက်တစ်ရပ်မှာ မဟုတ်ပါ။ အခန်းတစ်ခန်းဖွင့်ပြီး မဟုတ်ပါ။ ကရင်အမျိုးသားတစ်ဦးအနေဖြင့် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆
၂၅-၇-၂ဝ၁၇

Gone wild ရာဇဝင်ရိုင်း

လူထုဦးလှရေးခဲ့တဲ့စာအုပ် အမှာစာမှာ ရွှေကိုင်းသားကရေးပါတယ်။ သတင်းစာတွေထဲက နေ့စဉ်အဖြစ်အပျက်တွေဟာ နောင်တချိန်မှာ ရာဇဝင်တွေဖြစ်လာတယ်လို့။ ဦးလှစာအုပ်တွေကို ထပ်ထုတ်တော့ တ နေရာတွေမှာ တစ် လုပ်ကြရင်တော့ ရာဇဝင်ရိုင်းပါလိမ့်မယ်။

- အစဉ်အလာဖျောက် အရင်စာပျောက်
- အတွေးအကြံကောက် အရေးမှန်ဖျောက်
- ဖျောက်ချင်တာဖျောက်၊ ပျောက်ချင်တာပျောက်
- ဖျောက်တိုင်းမပျက်၊ ဖျက်တိုင်းမစင်
- ရာဇဝင်ရိုင်း သွေးသမိုင်းကို
- ပြည်သူတွေ တွေးတိုင်းတွေးတိုင်း နာကျည်းစေ။

မှတ်ချက်။ အောက်ဆုံး လေးကြောင်းက မောင်စိန်ဝင်း (ပုတီးကုန်း) ကဗျာထဲကဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆
၂၅-၇-၂ဝ၁၇

Mandalay Bombarded မန္တလေးမြို့လယ်မှာ ဗုံးကြဲခြင်း

၃-၄-၄၂ ရက်နေ့မှာ ဂျပန် မန္တလေးကိုလာပြီး ဗုံးကြဲတယ်။ အာရှအရှေ့ဖျားစစ်ပွဲမှာ အကြီးဆုံး တိုက်ခိုက် ဖျက်ဆီးခြင်းတရပ်ဖြစ်တယ်။ လူ ၂ဝဝဝ နဲ့ ၃ဝဝဝ ကြား သေကြေပျက်စီးတယ်။ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိတယ်။
အထက်ပါပုံမှာ ဗုံးကျပြီး မြို့လယ်တနေရာကို တွေ့မြင်ရပုံဖြစ်တယ်။

ဖျက်ဆီးခြင်းတစ်ရပ် မဟုတ်ပါ။ မြို့လယ်တစ်နေရာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆
၂၅-၇-၂ဝ၁၇

ဆရာဝန်သည် အချည်းအနှီးသာဖြစ်သည်

စစ်နှင့်ငြိမ်းချမ်းရေး ၇ နှစ်စပ်လျဉ်း၍

- ၁ -
၁၈၅၇ ခု။
ဂျူလိုင် ၂၆။ ယနေ့နံနက် နေမကောင်း။ တနေ့လုံး ဖဲကစားသည်။ အကုန်ရှုံးသည်။ ညစာကို အိမ်တွင်စားသည်။ အဖျားတက်လာပြီး၊ ရှက်ဖွယ်ကောင်းလှသော ဖဲဝါသနာကို ဖြတ်ရန် ကြိုးစားကြည့်သည်။ သို့ရာတွင် တည်ငြိမ်စွာ မတွေးနိုင်။ အဖျားတက်သဖြင့် ကယောင်ချောက်ချား စဉ်းစားခြင်းမျိုးသာဖြစ်သည်။

ဂျူလိုင် ၂၇။ ပြင်သစ်မိတ်ဆွေတဦးထံမှ ငွေ ၂ဝဝ ချေး၍ ကစားပြန်သည်။ ရှုံးပြန်သည်။ မိတ်ဆွေများထံစာရေးသည်။ နောက်ထပ်မကစားတော့ဟု ဆုံးဖြတ်လိုက်သည်။ တည်ငြိမ်စွာ စဉ်းစားနိုင်စပြုလာပြီ။

ဂျူလိုင် ၂၈။ အိပ်ယာမှ ကြည်လင်စွာနိုးလာသည်။ ယနေ့ ဆရာဝန်ထံသွားပြသည်။ တပတ်လောက်ကုရမည်ဟု ပြောသည်။ သို့ရာတွင် ကျွန်ုပ်အဖို့ကား ဆရာဝန်သည် အချည်းအနှီးသာဖြစ်သည်။ (တော်လ်စထွိုင်း၏ နေ့စဉ် မှတ်တမ်းများမှ။)

တစ်နေ့လုံး ဖဲကစားသည် မဟုတ်။ ပြင်သစ်မိတ်ဆွေတစ်ဦးထံမှ မဟုတ်။ တစ်ပတ်လောက်ကုရမည်ဟုပြောသည် မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆
၂၅-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး