Quality of Life အဆင့်မမီတဲ့ သုတေသနသတင်း

ထပ်တင်ထားတဲ့ ပို့စ်တခု = အရက်လုံးဝမသောက်သူများ အချိန်မတိုင်မီ သေဆုံးနိုင်ကြောင်း လေ့လာတွေ့ရှိ

ဒီပို့စ်ကို မကြခဏ မျှဝေနေကြတယ်။ ၂ နှစ်လောက်ရှိနေပြီ။ ကျွန်တော် မူရင်းလင့်ကိုဖတ်ပြီးပါပြီ။ သုတေသနအဆင့်မမီပါ။ လူဦးရေ၊ ဒေသနဲ့ အချိန် အကန့်အသတ်တခုကို လေ့လာပြီး ကောက်ချက်ချထားတဲ့ ဆန်းစစ်မှုသာဖြစ်တယ်။

အရက်မသောက်တဲ့ ဇနီးကအရင်ဆုံးသွားရင် အဲလိုပြောသလိုပဲ။ ဖခင်က အရက်သောက်တဲ့ မိသားတစုတွေထဲမှာ ကလေးတွေက ငယ်ငယ်နဲ့ ဆုံးသွားတာကို အရက်မသောက်လို့ အရင်သေတယ်လို့ ပြောရင်ရမလား။

သုတေသနဆိုတာ ကျယ်ပြန့်ရတယ်။ စနစ်ကျရတယ်။ နေရာဒေသမတူရင် မတူတာတွေရှိတယ်။ ရာသီဥတု၊ လူမျိုး၊ အစားအသောက်၊ ယဉ်ကျေးမှုတွေ မတူရင် ဖြစ်တာတွေမတူကြပါ။ လူမှမဟုတ်ပါ။ သက်ရှိအကောင်တွေရော အပင်တွေရော မတူကြပါ။

ကျန်းမာရေးပြောရင် လူနေမှုဘဝ အရည်အသွေးကို ထည့်ပြောရပါတယ်။ အိုနာကျိုးကန်း ဒုက္ခိတဖြစ်နေရင်၊ အရက်သမား၊ မူးယစ်ဆေးစွဲနေရင် အရည်အသွေးကောင်းတယ်လို့ ပြောမရပါ။ လူ့ဘဝဆိုတာ အသက်ရှည်တာတခုတည်းနဲ့ မပြည့်စုံပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၇
နေ့ ၄ နာရီ၊ ၂ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး