‎ပြောင်းနှံပါတီ

ကနေ့ သွားလည်တဲ့အိမ်ကနံရံမှာ ကလေးကပ်ထားတဲ့ပုံကို သတိထားကြည့်မိတယ်။ သေချာလည်းဖတ်တယ်။ မြန်မာပြည်မြေပုံနှင့် အလံ။ ယူအက်စ်ကကျောင်းတွေမှာ သင်တာတဲ့။ အလံကို ဆေးရောင်ခြယ်ခိုင်းတဲ့ သင်္ခန်းစာ။ မဆလခေတ်ကအလံ။ နောက်ခံကို အနီရောင်၊ ကြယ်တွေနဲ့ ပြောင်းနှံကို အဖြူရောင်ခြယ်ပါတဲ့။ မဆလကို စပါးနှံပါတီလို့ ပြောခဲ့တာ ဒီရောက်တော့ ပြောင်းနှံဖြစ်ရော။ နာမည်သာပြောင်းပြီး နှံကြလို့လားမသိ။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး