Unanswered မဖြေချင်တာတွေ

၁။ စိုးရိမ်ရလား၊ မဖြေလိုပါ။ ဆရာဝန်ပြဘို့ လိုအပ်ပါသလား၊ မဖြေလိုပါ။ အဲတာ ဘာကြောင့်ဖြစ်ပါသလဲ၊ မဖြေချင်ပါ။ ဘာဖြစ်နေလို့ ဘယ်လို ပျောက်အောင်လုပ်ရမလဲဆိုရင် ဖြေပါတယ်။

၂။ အင်တာနက်ကပုံတွေပြပြီး အဲတာဖြစ်နိုင်လား၊ မဖြေပါ။ ကျွန်တော် ကျမမှာ အဲလိုဖြစ်နေလို့ မဖြေပါ။

၃။ ကြော်ငြာဆေးတွေ ဖြေရတာ အားနာရတယ်။ ဂရုတွေထဲကလည်း အဆီအငေါ်မတည့်တာတွေလာတယ်။

ဆရာရှင့် flaxseed oil ဆေးကို နို့တိုက်မိခင်တွေ သောက်လို့ရပါတယ်လို့ ပြောထားပါတယ်ရှင့် flaxseed oil ဆေးလေးအကြောင်း ရှင်းပြပေးပါဆရာရှင့်။ လေးစားစွာဖြင့်။

ဆရာရေးတာ မဟုတ်ပါ။

ဟုတ်ကဲ့ပါ ဆရာရှင့်။ ကိုယ်ဝန်ဆောင် group တခုမှ post ကိုတင်ထားတာတွေ့လို့ပါဆရာ။ ဒီ flaxseed oil ဆေးလေးအကြောင်း သိချင်လို့ပါဆရာ။

မေးခွန်းထဲကဆေးဆိုတာ နှမ်းကြပ် ခေါ် နှမ်းနက်တမျိုးကနေထုတ်လုပ်ထားတာဖြစ်ပါမယ်။ နှမ်းဆိုတာ ဖြူဖြူ မည်းမည်း၊ လူတွေစားသုံးတာဖြစ်တယ်။ မကောင်းဘူးလို့တော့ ဖြေမသင့်ပါ။ ဒါပေမယ့် သူများစီးပွါးရေးကလည်းရှိတယ်။

၎။ သာမန်စဉ်းစားယူလို့နိုင်တဲ့ ဥပမာ တုပ်ကွေးကာကွယ်ဖို့ ဟိုအသီး၊ သည်အရွက်၊ ဒီအရက် ဆိုတာတွေကို မဖြေချင်ပါ။ အတော်ကို မေးနေကြတယ်။

စိတ်ဆိုးကြလည်း မတတ်နိုင်ပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး