ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်

ပြည်ပြေးတယောက် ဟိုရောက် သည်ရောက်

ဘုရားအလောင်းတော် ဒုက္ကရစရိယာကျင့်တော်မူရာလှိုဏ်ဂူရှေ့မှာ ၁၉၉၂ ခုနှစ်က ပဌမဆုံးအကြိမ်ရောက်ခဲ့ပါတယ်။ နောက်လည်း အခေါက်ခေါက်ရောက်ပါသေးတယ်။

အမေ၊ အဖေ၊ ဇနီး၊ သားသမီးတွေ၊ အမျိုးအဆွေတွေ၊ ချစ်ခင်သူတွေ၊ မဲပေးလိုက်ကြသူတွေကို ခွဲခွါထားရစ်ပြီး၊ ခက်ခဲပင်ပန်းလှတဲ့ အန္တရာယ်လမ်းမှာလျှောက်လှမ်းရတဲ့ နိုင်ငံရေးဒုက္ခတွေဟာ ဘာဟုတ်သေးလဲ။
၁၉၉၂ ခုနှစ်က ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ် ဂိဇ္စုကုဋ်တောင်မှာ

ဓါတ်ပုံနောက်ကျောမှာ အင်္ဂလိပ်လိုရေးထားခဲ့ပါတယ်။ ကျွန်ုပ်အားမဲပေးလိုက်ကြသူများ၊ ကျွန်ုပ်၏လုပ်ဖေါ်ကိုင်ဖက်များနှင့် ကျွန်ုပ်၏မိသားစုအတွက် ဆုမွန်ကောင်းတောင်းပါ၏။ ဒုက္ခဆင်းရဲအပေါင်းမှာ လွတ်မြောက်ကြပါစေ။ မိသားစုတွေ ဆုံစည်းနိုင်ကြပါစေ။

အဲဒီအချိန်က ကျွန်တော့်မိသားစုက ပြည်တွင်းမှာ။ ဒေါ်မြမြအေး မုံရွာထောင်ထဲမှာ စစ်မေးခံနေရချိန်လို့ ကျွန်တော်က မသိခဲ့ပါ။

Rajgir ရာဇဂြိုလ်မှာ မြင်လှည်းစီးခဲ့စဉ်

၁၉၉၃ ဗုဒ္ဓဂါယာခရီးစဉ်မှာ လိုက်ပို့ပေးတဲ့ ဦးမုနိကုမာရ (ယခု ပြည်တွင်း)၊ NLD အမတ် ဦးသန်းစိန် (ယခုကွယ်လွန်) တို့နဲ့အတူ ရာဇဂြိုလ်မှာ လည်ပတ်ဖူးမျှော်ကြစဉ်က မြင်းလှည်းစီးခဲ့ကြရတယ်။ ကိုယ်တော်က မြင်းလှည်းမောင်းသမားကို အဆင်းခိုင်းပြီး သူကိုယ်တိုင် မောင်းတယ်။ ဘာသာရေးစာအုပ်တွေ လှမ်းပို့ပေးတယ်။ ဦးသန်းစိန်ကတော့ ကျွန်တော့်ကို ဘလော့ရေးနည်း သင်ပေးသွားတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၅
၂၃-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး