ဦ ဦး အုံ

၁။ မင်္ဂလာပါဆရာရှင့်​။ စာလုံး​ပေါင်းသတ်​ပုံတခု​လောက်​​မေးချင်​လို့ပါရှင့်။ အ​ဆောက်​အဦ နဲ့အ​ဆောက်​အဦး ဘယ်​ဟာက မှန်ပါသလဲရှင့်​။

၂။ ဆရာ အဆောက်အဦ၊ အဆောက်အအုံ၊ အဆောက်အဦး ဒီသုံးမျိုးအသုံးကို အမျိုးမျိုးသုံးနေကြတယ်ခင်ဗျ။ ဘယ်လိုသုံးရင် ပိုပြီးဆီလျော်တယ်ဆိုတာ သိပါရစေ။

အဆောက်အဦနဲ့ အဆောက်အအုံတွေက မှန်ပါတယ်။

ဦ
အဆောက်အဦ
ဦနေသောငါးခြောက် (အူနေသောငါးခြောက်)
ခွေးဦသည် (ခွေးအူသည်)

ဦး
ကဏ္ဍဦးအစ (ကနဦးအစ)
ဆီဦးထောပတ်
ဒိုက်ဦး
ရှိခိုးဦးတင်
လက်ဦး
လှည်းဦးပွတ်
လာပါဦး (လာပါအုံး)
အစကနဦး
အစဦး
ဦးကင်း
ဦးချ
ဦးစွာ
ဦးဆက်
ဦးထိပ်ရွက်
ဦးထုပ်
ဦးပဉ္ဇင်း
ဦးမစို (မရှာမဖွေ မတောင့်မတ)
ဦးမထောင်း (ရန်သူမနိုင်)
ဦးမလေး
ဦးမလေး (ဝန်ပေါ့သည်)
ဦးပြည်း
ဦးရင် (နားရွက်နှင့်တကွ ရင်ပတ်၍ပေါင်းသော ခေါင်းပေါင်း)
ဦးရီး
ဦးလုံးဝေဆာ
ဦးလည်မသုံ ချီတက်သည်
ဦးဦးဖျားဖျား
ဦးခေါင်း
ဦးဆောက်ပန်း
ဦးနှောက်
ဦးခက်
ဦးခွံ
ဦးချို
ဦးစွန်းဖုတ်
ဦးဆံဖားလျား
ဦးဆက်
ဦးတည်ချက်
ဦးထိပ်
ဦးထုပ်
ဦးပဉ္စင်း
ဦးယဉ်းခေါင်းခဲနာ
ဦးပြည်းခေါင်းတုံး
ဦးရည် (ထန်း)
ဦးရီး
ဦးလုံးသွင်း
ဦးလုံးသိမ်း
ဦးလည်မသုန်
ဦးခေါင်း
ဦးစောက်ကျွမ်းပြန်
ဦးဆွေးဆံမြည့်
ဦးဆောက်ပန်း
ဦးလေး
ဦးသျှောင်
ဦးအောင်လုပ်
ဦးနှောက်
ဦးညွှတ်
ရှေ့ဦး

အုံ
ကွမ်းအုံရွာ
ခအုံပင်
ငါးရံ့သင်းအုံ
ငါးသင်းအုံ
စိတ်အုံသည်
တအုံနွေးနွေး
တဲအုံ
နားအုံ
ပျားအုံ
ယင်အုံသည်
ဝိုင်းအုံသည်
အုံ၍လာကြသည်
အုံတုံတုံနေသည်
အုံတုံပင်
အုံပုံး
အုံကြွ
အုံအုံသဲသဲ
အုံအုံသောင်းသောင်း
အုံဆေး
ဥုံခံ
ဥုံဖွ
ခေါင်းအုံသည်
ဆေးအုံသည်
တောစွန်အုံနား
နို့အုံ

နောက်ထုတ်သတ်ပုံထဲမှာ အဆောက်အအုံ = ရုံး၊ ကျောင်း၊ အိမ် စသည်။ အဆောက်အဦး = အသုံးအဆောင်၊ ပစ္စည်း စသည်။ အရင်သတ်ပုံစာအုပ်မှာ မတွေ့ပါ။ ကျွန်တော်ကတော့ အဆောက်အဦးလို့ ဘယ်အရာကိုသုံးသုံး မှန်တယ်မထင်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)