မတူသော ဖရင်းများ

မိတ်ဆွေတဦးရေးတဲ့ အနာဂတ်ကို မက်ဆေ့ခ်ျကနေ ပြင်ပေးတယ်။ ချက်ချင်းပဲ သူကပြင်ရေးပါတယ်။

ဆေးကျောင်းသားသူငယ်ချင်းဆို ပိုအားမနာ သတ်ပုံပြင်မယ်ပြောပြီး သဏ္ဌာန်နဲ့ မြားကို ကွန်မင့်ကနေပြင်လိုက်တယ်။ သူကလည်း စိတ်ဆိုးမယ့်လူမဟုတ်။

ဖရင်းလား ဘာလား မသိသူတွေကိုတော့ ပြင်ပေးရမှာအားနာတယ်။ အလိုကျရေးရမှာ အလိုကြရေးတာတွေ့တယ်။ တခြား အမှားတွေလည်း တွေ့တယ်။ သည်အတိုင်းသာ ထားရတယ်။

တစ်နေ့၊ တစ်ချက်၊ တစ်ဦး၊့ တစ်အုပ်စုကိုတော့ မထိရဲ မတို့ရဲ။ သူတို့က အုပ်စုတောင့်တယ်။

သတ်ပုံတွေ ဘယ်လိုရေးရေး၊ တုပ်ကွေးဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)