အသတ် မမှားစေနဲ့

ဆရာ မြန်မာစာ သတ်ပုံမေးချင်လို့ ယောင်္ကျားနဲ့ ယောက်ျားနဲ့ ဘယ်ဟာက သတ်ပုံအမှန်လဲဆရာ Tv မှာလာနေတာက ယောက်ျား ဆိုတာကမှန်တယ်ပြောလို့ပါ ကျနော်တို့ ကျောင်းတုန်းသင်ခဲ့ရတာက ယောင်္ကျား အဲလိုသင်ခဲ့ရသလားလို့ပါ

ယောက်ကျားကို အတိုရေးတာဖြစ်လို့ ယောက်ျားက မှန်တယ်။ ( င်္ )ဆိုတာ (-်)။ ယောင်္ကျားလို့သင်တဲ့ဆရာ ဆရာမ မှားတယ်။

အရင်ကတည်းက အတိုရေးနည်းတွေသုံးကြတယ်။ (က်) အစား (-ံ) သုံးတယ်။ ဥပမာ မြောက်ကို မြောံလို့ရေးတယ်။ စာလုံးအဆင့်တွေရေးကြတယ်။ ဥပမာ သ္ခင်၊ ယ္ခင်၊ ယ္ခု။

ငသတ်နဲ့ အသတ် မတူပါ။ ငသတ်ရင် ကင်၊ ခင်၊ မင် စတာတွေဖြစ်မယ်။ အသတ်ဆိုတာ အောက်ကစာလုံးအရယူရမယ်။ က်၊ တ်၊ စ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး