ယဉ်ကျေးမှု ခေါင်းပါးလာခြင်း

မင်္ဂလာပါ ဆရာရှင့် Facebook သုံးရင်း ယခု ပုံပါ ပိုစ့်အကြောင်းမေးခွင့်ပြုပါရှင့် ဒီဆေးအကြောင်းတော့မသိပါဘူး အကယ်၍ သန္ဓေဖျက်ဆေးဆိုရင် ဒီလိုကြော်ငြာရောင်းချခြင်းသည် တရားဝင်ပါသလားရှင့် ယခုပုံပါဆေးအကြောင်း နှင့်တကွ ဆရာရဲ့ အမြင်နှင့် စကားလေးဖြေကြားပေးပါဦးလို့ တောင်းဆိုပါတယ်

ပုံတင်ပေးရတာ ကိုယ်ကပါ ကြော်ငြာပေးသလိုဖြစ်နေတယ်။ ဆောရီး။

ကိုယ်ဝန်ဖျက်ဆေးကို အဲလိုကြော်ငြာတာ ကျွန်တော်တို့ လူ့ယဉ်ကျးမှုနဲ့ နီတိ နည်းလာလို့ဖြစ်မယ်။ လူမှုဆက်ဆံရေးမှာ သိသာသိစေ လူမမြင်စေနဲ့ဆိုတာရှိတယ်။ အညစ်အကြေးကိစ္စတွေ မျိုးပွါးလမ်းကိစ္စတွေဆိုတာ လူမြင်မခံအပ်တာမျိုး။

ပုံတွေမှာ ကွန်မင့်ကနေမေးတာတွေလည်း တွေ့ရတယ်။ ဖေ့စ်ဘွတ်အိုင်ဒီကို လူသိမယ်။ လူသိခံရဲသူတွေသာဖြစ်မယ်။ လူတွေရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု နည်းလာကြလို့ဖြစ်တယ်။ ဆေးရောင်းသူတွေ၊ ကွန်မင့်ကနေ လူသိထင်ရှား မေးရဲကြသူတွေဟာ အရှက်တရား နည်းကြလို့ဖြစ်တယ်။

ဆေးနဲ့စီးပွါးရှာတာကို နိုင်ငံတိုင်းမှာ လောဘဇောကြီးကြတယ်။ ငွေရှာရလွယ်လို့ဖြစ်တယ်။ အဲလိုဟာတွေကို ဥပဒေနဲ့သာ ပိတ်ပင်လို့ မလုံလောက်ပါ။ လူ့အသိုင်းအဝန်းမှာ လူ့အသိတရားတွေ ပိုကောင်းလာအောင်သာ ထိန်းသိမ်း ပြုပြင် သွန်သင်ကြရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး