ပြောတော့အသံ ရေးတော့အမှန်
တကယ်လို့ရေးပြီး ဒဂယ်သံထွက်ရတယ်။ တစ်ကယ်လို့ရေးတာကို တစ်ကယ်သံသာ ထွက်ရတယ်။
ဟိုနေ့က မိန့်ခွန်းကိုရေးတာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားလို့ ဖတ်ရတယ်။ ဘယ်လိုပြောသလဲတော့မသိ။ တဖွဲနှင့်တဖွဲဂျားလို့ ပြောရတယ်။ ပြဿနာတစ်စုံတစ်ရာမရှိလို့ ဖတ်ရတယ်။ ပြဿနာ ဒဇုန်တရာမရှိလို့ ပြောရတယ်။ ဒဇုန်တစ်ရာလို့လည်း မဟုတ်။
ခုတော့ ရေးချင်ရာရေးပြီး ပြောတော့အသံ ရေးတော့အမှန်လို့ မမှန်မကန်လုပ်နေကြတယ်။
ပြောတော့တလွဲ ရေးတော့အစွဲ။ တလွဲသင်ပေးထာတာပဲ စွဲနေကြတယ်။
စွန်းအထင်းတွေ အစွဲတွေ ကျွတ်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၈

Comments
Post a Comment