အရှင်ဗာကုလ

ဒေါ်မြမြအေး တရားနာနေတာကို မေးခွန်းတွေဖြေနေရင်း နာရတယ်။ ကြားနေတာပါ။ ရှင်ဗာကုလအမည်ကို ကြားရတယ်။ အနာမဲ့သူ ရှင်ဗာကူလို့သိထားတယ်။

အပ္ပါ ဗာဓေါ မဟာထေရော
အပ္ပါဗာဓာနမုတ္တမော
ဗာကုလော အရဟာ ထေရော
သဒ္ဒါ သောတ္တိံ ကရောတုမေ။

ရှင်ဗာကူလဂါထာကို အမြဲရွတ်ဆိုပါက ကျန်းမာရေး အထူးကောင်းမွန်စေပါသည်လို့ ဖတ်ရတာလည်းရှိထားတယ်။

ရှင်ဗာကုလဟာ သက်တော် ၈ဝ ကျမှ ရဟန်းဝတ်တယ်။ ရဟန်းအဖြစ် နှစ် ၈ဝ နေတယ်။ ရဟန်း ၈ ဝါမှာ ရဟန္တာ ဖြစ်တယ်လို့ တရားတော်မှာပါတယ်။

ရှစ်လေးလုံးနီးလာတာနဲ့ တိုက်ဆိုင်နေတယ်။ ရှစ်လေးလုံးမှာ ပြည်သူပြည်သား ကျောင်းသူကျောင်းသားတွေကို နှိမ်နင်း သတ်ဖြတ်ခဲ့သူတွေ တရားရကြပါစေသတည်။ ရှစ်လေးလုံးမှာပါဝင်ခဲ့သူတွေ အနာရောဂါ ကင်းပကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး