ဆင်ကျုံးသွင်းခြင်း

ဆင်ကျုံးသွင်းသည်ဆိုတဲ့စကားရှိတယ်။ Elephant crushing or a training crush လို့ ခေါ်တယ်။

မနေ့က ရေဒီယိုဆွေးနွေးခန်းမှာ မေးခွန်းနဲ့ တိုက်ရိုက်မသင့်လို့ မပြောဖြစ်ခဲ့တာတာရှိတယ်။ ဗိုလ်ချုပ်ရုပ်တုသတင်း။ ဒီသတင်းလည်း ရေကြီးတဲ့အောက် မြုပ်သွားပုံရတယ်။

ဗိုလ်ချုပ်ကိုဂုဏ်ပြုတာ မကောင်းမရှိပါ။ အလားတူ သခင်ကိုယ်တော်မှိုင်းဖြစ်ဖြစ် ဒဂုန်တာရာ ဆရာတင်မိုးဖြစ်ဖြစ် ဂုဏ်ပြုကြတာ မကောင်းမရှိပါ။ ဒါပေမဲ့ စာရေးဆရာတွေ ကဗျာဆရာတွေကို ဂုဏ်ပြုသူတွေက မူလသတ်ပုံကိုလိုသလိုပြင်ပြီး ဂုဏ်ပြုနေကြတာတော့ မကောင်းပါ။

ဗိုလ်ချုပ်ကိစ္စမှာ တမျိုး။ ကာလဒေသရွေးတတ်ဖို့လိုတယ်။ ဒိထက်အရေးကြီးတချက်ကို ရေးပါရစေ။ အက်တစ်ဗစ် ခေါ်တဲ့ တက်ကြွလှုပ်ရှားသူတွေ လုပ်ဆောင်ကြရတာနဲ့ နိုင်ငံရေးပါတီတွေနဲ့ မတူတတ်ပါ။ နိုင်ငံရေးပါတီဟာလည်း အစိုးရတာဝန် ယူလာရရင် အရင်ကနဲ့ မတူတော့ပါ။ အဲဒီသုံးမျိုးက တထပ်တည်း မကျပါ။ အဲဒီကနေ ပဋိပက္ခတွေ ဖြစ်စေနိုင်တယ်။

သဘာဝကျတဲ့ပဋိပက္ခသာမကာ တမင်တကာဖန်တီးတာလည်းရှိတယ်။ ဖန်တီးယူတာကို ကျုံးသွင်းတယ်လို့ ခေါ်နိုင်တယ်။

အဲလိုတွေကြောင့် ဗိုလ်ချုပ်ရဲ့ဂုဏ်သိက္ခာကိုပါ ကျစေနိုင်တယ်။ အခါရာသီသာမက အရိပ်အကဲလည်းသိရမယ်။ ကျုံးသွင်းတတ်သူတွေကို အထင်မသေးပါနဲ့။

သတိလက်လွတ်ခြင်းနဲ့ အီမိုးရှင်းအပြင် ထူးခတ်ခံထားရသူတွေနေ လုပ်နေတာလို့လည်း သိပါ။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး