The Road နိုင်ငံတော် ဘယ်လမ်းပေါ်မှာလဲ

ဗွီအိုအေ တိုက်ရိုက်လေလှိုင်းမှာ ပါဝင်ဆွေးနွေးရတယ်။ ကျေးဇူး။

မြန်မာပြည်ရဲ့ နိုင်ငံရေးကို သုံးသပ်ကြတာ အတော်ကို မတူကွာခြားနေတာ ပိုသိလာရတယ်။ သမိုင်းကိုဖြစ်ဖြစ် ပစ္စက္ခအခြေအနေနဲ့ အနာဂတ်ကာလကိုဖြစ်ဖြစ် မြင်ကြတာ မတူပါ။

သမိုင်းကို သိတာမတူလို့ မြင်တာတာမတူကြပါ။ အဲတော့ အလားအလာနဲ့ အကြံပြုတာ မတူတော့ပါ။

သမိုင်းကြောင်းကို ပုံနှိပ်ထားတာတွေကလည်း မတူ။ သမိုင်းကို သင်ယူသူတွေကလည်း ရှားပါး။ ဝါဒဖြန့်စာတွေ အတော် ထိရောက်တာပါကလား။

ရေဒီယိုမှာက အချိန်အကန့်အသတ်ကြီးတော့ ပြောနိုင်သလောက်သာပြောရတာဖြစ်လို့ အကောက်လွဲနိုင်သေးတာ။

ကိုယ်သိမြင်ထားတဲ့သမိုင်းနဲ့သာ နိုင်ငံကိုမောင်းနှင်ခဲ့ကြတယ်။ နောက်လူတွေကလည်း သူတို့မြင်တဲ့အတိုင်း သွားစေလိုကြတယ်။ တိုင်းပြည်ကြီးကား ရထားလမ်းပေါ်မှာမဟုတ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး