ပညာမဲ့တဦး







ရှေးအခါက ဗြဟ္မဏပုဏ္ဏားတို့တိုးထွန်းကားရာ ဂင်္ဂါမြစ်ဝှမ်း၏ တခုသောတိုင်းပြည်၌ တရာသောသားတို့နှင့် မင်းပြုလျက်ရှိသော ဘုရင်တပါးရှိလေသည်။
တဦးသောသားသည် ဓါးခုတ်လှန်ထိုး အတတ်ကို၎င်း
တဦးသောသားသည် ဆင်စီးမြင်းစီးအတတ်ကို၎င်း
တဦးသောသားသည် ကုန်သွယ်လယ်လုပ်အတတ်ကို၎င်း
တဦးသောသားသည် ဗေဒင်ဟူးရား ဆေးမန္တရားအတတ်ကို၎င်း
တဦးလျှင် တခုသောပညာဖြင့် ထူးချွန်ကျော်ကြားကြကုန်၏။

ယခုအခါ ပေါ်လစီပုဏ္ဏားတို့တိုးထွန်းကားရာ ဧရာဝတီမြစ်ဝှမ်း၏ တခုသောတိုင်းပြည်၌ ရွှေနန်းတော်မှစ၍ ကျေးရွာ ဇနပုဒ်များအထိ တမှန်သမျှ တစ်ဟုရေးသောပညာ ထူးချွန်သူများနေထိုင်ကြကုန်၏။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး