တ စကားပုံများ

တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး
တုံးတိုက်တိုက် ကျားကိုက်ကိုက်
တခါသေဖူး ပျဉ်ဖိုးနားလည်
တတက်စားလည်းကြက်သွန် နှစ်တက်စားလည်း ကြက်သွန်
တတ်သည့်ပညာမနေသာ
တပင်လဲမူ တပင်ထူ
တပည့်မကောင်း ဆရာ့ခေါင်း
တပည့်လိမ္မာဆရာအာပတ်လွတ်
တခြုံကွယ် တမယ်မေ့
တမိပေါက် တယောက်ထွန်း
တရွာ တကျီဆောက်
တရွာမပြောင်း သူကောင်းမဖြစ်
တရားမပျက်ကျောင်းမခက်
တလ ကိုးသီတင်း
တလုတ်စားဖူး သူ့ကျေးဇူး
တိတ်တိတ်နေ ထောင်တန်
တီးတိုးတီးတိုး သဖန်းပိုး
တနေ့တလံ ပုဂံဘယ်ရွေ့မလဲ
တယောက်စကား တယောက်နား
တယောက်ဆိုတယောက် ပိတောက်ဆိုပိတောက်
တယောက်အားနဲ့ယူသော်မရ တသောင်းအားနဲ့ယူသော်ရ
တလှေတည်းစီး တခရီးတည်းသွား
တနွယ်ငင် တစင်ပါ
တနှစ်တခါပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး