ဗူးပင် နဲ့ ဘူးပင်

နဝတ စစ်အစိုးရလက်ထက်ကထုတ်ထားတဲ့ မြန်မာ အဘိဓာန်၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်တွေမှာ ဘူးပင်လို့သာ တွေ့ပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ဗူးပင်လို့သာ ရိုက်နှိပ်ထားပါတယ်။

ကျွန်တော်တို့ သူငယ်တန်း (၁၉၅၃-၅၄) ဖတ်စာမှာ ဘဦး ရေကူးနေသည်။ ဗူးသီးနုနု မခူးရ။

အခုသတ်ပုံစာအုပ်မှာ ဘူးရွက်တဲ့။ ဗူးကို ကလေးဗူးမှုတ်တာတခုတည်းလို့ လုပ်ထားတယ်။ ကျွန်တော်တို့ငယ်ငယ်က ဗူးရွက်လို့ ရေးတယ်။ ရေဗူးလို့ ရေးတယ်။

ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ။ ရေဘူးပေါက်တာ မလိုချင်ဘူးဆိုတာ ဘူးနှစ်လုံးဆောင်။

ဗူးခါးရေနဲ့ ကြမ်းကြားလေကို ဘယ်လိုရေးရေး အေးပါတယ်။

နမူနာလေး (၂) ခုပေးပါရစေ။

၁။ ဆေးလိပ်လက်ဆောင် (မယ်ခွေ)

မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။

မီးမကူ နေပူမှာမကင်အားလို့
ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့ကို။

ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့် လိပ်ဆေး။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။

၂။ ဝိပဿနာရှုနည်းကျမ်း (မဟာစည်ဆရာတော်ဘုရား)

ထို့ကြောင့် မြင်ဘူး၊ ကြားဘူး၊ နံဘူး၊ စားဘူး၊ တွေ့ထိဘူး၊ ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျှက် နိစ္စ၊ သုခ၊ အတ္တဟု ထင်မြင်စွဲလမ်းမှုသည် ဖြစ်ပေါ်၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး