Tafenoquine ငှက်ဖျားဆေး

Tafenoquine (Krintafel) ဆေးကို ငှက်ဖျားရောဂါအတွက်သုံးရန် အတည်ပြုလိုက်ပါတယ်။

အမေရိကန် FDA က P. vivax malaria အမျိုးအစား ငှက်ဖျားအတွက် အတည်ပြုချက်ထုတ်ပေးလိုက်တာပါ။ ၁၉၇ဝ ကျော်ကတည်းကပေါ်ခဲ့ပေမဲ့ နှစ် ၆ဝ ကြာမှသာ အဲလိုခွင့်ပြုလိုက်တာဖြစ်ပါတယ်။

နှစ်စဉ် လူပေါင်း ၈့၅ သန်း အဲဒီ ပြန်ပြန်ဖြစ်တဲ့ငှက်ဖျားဖြစ်နေတယ်။ ဒီဆေးကို တခြားဆေးတွေနဲ့လည်း တွဲပေးနိုင်တယ်။

Primaquine ဆေးကိုလက်ရှိသုံးနေတယ်။ ၁၄ ရက်သောက်ရတယ်။ Tafenoquine ဆေးကတော့ တကြိမ်တည်းသာ လိုတယ်။

G6PD ရှိသူတွေတော့ မသောက်သင့်ပါ။ သွေးအားနည်းစေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး