Mustard gas မုန်ညင်းဆီသတ်နည်း

ဆရာ မုန်ညင်းဆီကို ကွမ်းရွက်ကလေးနှင့် ဆီသတ်ပြီးမှစားတာ မောင်းတောမှာ တွေ့ဘူးပါတယ်ဆရာ။

ဟုတ်တယ်။ ကျွန်တော်တို့လည်း အိန္ဒိယရောက်မှ သိလာတယ်။ မုန်ညင်းဆီကို အပူပေးနေတုံးမှာ စားလို့ရတာတခုခု ထည့်ပေးရသတဲ့။ ဘာမှမရှိလည်း ရေစက်လေး အဝေးကနေပက်ပေးရတယ်။

ထွက်လာတဲ့ မုန်ညင်းဆီညှော်အငွေ့က အဆိပ်ဖြစ်တာ သတိထားရတယ်။ ဟစ်တလာလက်ထက်မှာ နာဇီဆရာဝန်တွေ သုံးခဲ့တဲ့ စက်ဆုတ်စရာနည်းနာတွေထဲမှာ မုန်ညင်းအဆိပ်ငွေ့နဲ့ သတ်တာလည်းပါတယ်။ နာဇီစမ်းသပ်နည်းတွေကို စာရင်းချရရင် -
1. Bone, muscle, and nerve transplantation experiments အရိုး၊ ကြွက်သားနဲ့ အာရုံကြော အစားထိုးနည်း စမ်းသပ်မှုများ၊
2. Experiments on twins အမွှာ စမ်းသပ်မှုများ၊
3. Experiments with poison အဆိပ်အမျိုးမျိုး စမ်းသပ်မှုများ၊
4. Freezing experiments အေးခဲနည်း စမ်းသပ်မှုများ၊
5. Head injury experiments ဦးခေါင်းဒဏ်ရာရခြင်း စမ်းသပ်မှုများ၊
6. High altitude experiments အမြင့်ပေစမ်းသပ်မှုများ စမ်းသပ်မှုများ၊
7. Immunization experiments ကာကွယ်ဆေး စမ်းသပ်မှုများ၊
8. Incendiary bomb experiments မီးလောင်ဗုံး စမ်းသပ်မှုများ၊
9. Malaria experiments ငှက်ဖျား စမ်းသပ်မှုများ၊
10. Sulfonamide experiments ဆာလ်ဖါဆေး စမ်းသပ်မှုများ၊
11. Sea water experiments ပင်လယ်ရေ စမ်းသပ်မှုများ၊
12. Sterilization experiments မျိုးဆက်ဖြတ်နည်း စမ်းသပ်မှုများ၊
13. Mustard gas experiments မုန်ညင်းအဆိပ်ဓါတ်ငွေ့ စမ်းသပ်မှုများ၊

မုန်ညင်းအဆိပ်ငွေ့သုံးစွဲမှုသမိုင်းက ၁၈ ရာစုကတည်းကရှိခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီဂျာမဏီသာမကပါ အမေရိကန်နဲ့ ဆိုဗီယက်ကွန်မြူနစ်အစိုးရလည်း လူသားတွေကို အဲလိုစမ်းသပ်နည်းတွေ လုပ်ခဲ့ပါတယ်။ အမေရိကန် စစ်တပ်ကနေလည်း စစ်သားပေါင်း ၄ သောင်းကို ဓါတုလက်နက် စမ်းသပ်မှုတွေလုပ်ခဲ့တာကို လျှို့ဝှက်စာရွက်စာတမ်း ကင်းလွတ်ချိန် ၁၉၉၃ ရောက်မှသာ အများက သိခွင့်ရခဲ့ပါတယ်။ ဒဏ်ခံရသူပေါင်း ၆၁ဝ အတွက် နစ်နာကြေးတောင်းဆိုမှု ဖြစ်လာတယ်။ မုန်ညင်းအဆိပ်ငွေ့ ခံရသူ စုစုပေါင်း ၃၉ဝဝ ရှိတယ်။ မသေသူတွေမှာ နာတာရှည် အသက်ရှူလမ်း ရောဂါတွေနဲ့ ကင်ဆာအလားအလာရှိတယ်။ နာဇီစမ်းသပ်မှုတွေကို ဖတ်တဲ့သူတွေအတွက်  အော့နှလုံးနာစရာတွေက များလွန်းလှတယ်။

ဒေါက်တာတင့်ဆွေ
၎-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး