ဗူး နဲ့ ဘူး

ဘူး နဲ့ ဖူး ကိုရေးပြီး ဗူးရွက်တွေ ရောက်လာတယ်။ ဗူးရွက်မှာ အဖူးလေးတွေလည်း ပါတယ်။ ခရမ်းချဉ်သီးစိမ်းလည်း ပါလာတယ်။ နောက်တယောက်ဆီက ကင်းပုံသီးရတယ်။ ကင်းဗုန်သီးလို့လည်း ခေါ်ကြတယ်။

အခုသတ်ပုံစာအုပ်မှာ ဘူးရွက်တဲ့။ ဗူးကို ကလေးဗူးမှုတ်တာတခုတည်းလို့ လုပ်ထားတယ်။ ကျွန်တော်တို့ငယ်ငယ်က ဗူးရွက်လို့ ရေးတယ်။ ရေဗူးလို့ ရေးတယ်။

ဘူးတလုံးဆောင် အိုတောင်မဆင်းရဲကတော့ မှန်တယ်။ သတ်ပုံ ပြောတာပါ။ အခုတော့ ရေဘူးပေါက်တာမလိုချင် မလိုချင်ဘူးတဲ့။ အဲတာက ဘူးနှစ်လုံးဆောင်။

ဗူးခါးရေနဲ့ ကြမ်းကြားလေကို ဘယ်လိုရေးရေး အေးပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး