The New Bronze Age ကြေးခေတ်သစ်

ကမ်းစပ်မှာညောင်ပင် မြစ်ရေပြင်ဒဏ် ကြံ့ကြံ့ခံ
ကမ်းမဝေးပေါင် လက်ပတောင်းတောင် ဝမ်ပေါင်ကိုအံတုနေရရှာ
နေ့မြင်ညပျောက်ရတာ ကြေးခေတ်သစ်မှာ

သလွန်ညောင်စောင်းမှာ ခေါင်းအုန်းနဲ့ဖိခံနေရတာ ဧရာဝတီပါ
နောင်တော်သာလွန်ရင် သြရသပုတ္တဖြစ်မယ့်ချင်းတွင်းမှာ မျက်ရည်သွန်းဖြိုးလာ
ခမည်းတော်သတ်ရဲတာ ပီတုဃာတကခေတ်ကပါ

သြရသပုတ္တ = ရင်၌ဖြစ်သောသား
ပီတုဃာတက = အဖကိုသတ်သော (သူ)

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆
Photo from Ye Khaing

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး