Holy Matter ရွာပတ်တဲ့အမှု
တခုတည်းသောသံဃအဖွဲ့အစည်းကြီး (မဟန) နဲ့ ဘာသာရေးအသင်းအဖွဲ့တခုဖြစ်တဲ့ (မဘသ) ရဲ့ထုတ်ပြန်ချက်တွေကို ဘီဘီစီကမေးလို့ ကြိုးစားဖြေလိုက်ပါတယ်။
ရေဒီယိုကပြောရတာ လူကနေ ဘုန်းကြီးအရေးကိစ္စတော်ကို အော်ပြောရသလိုဖြစ်လို့ အတော်ကြီးထိန်းရပါတယ်။ အဲလိုပဲ လူ့အရေးအရာတွေမှာ ဆရာတော်ကြီးတွေက ထိန်းသိမ်းခဲ့တဲ့၊ ကောင်းရာကိုသာလမ်းညွှန်တော်မူခဲ့တဲ့ ရှေးအစဉ်အလာမျိုး ပြန်ရလာရင်ကောင်းမှာပဲ။
ဘုန်းကြီးတွေကိုရော လူတွေကိုပါ ယိမ်းယိုင်စေအောင် ဆွဲအား၊ တွန်းအားနဲ့ ဖဲ့အားတွေကြောင့် မြန်မာ့လူအသိုင်းအဝိုင်းမှာ ဝါးအစည်းပြေသလိုဖြစ်လာတယ်။ တချို့ကလည်း ရောယိမ်းလိုက် ဘာသားယိမ်းလိုက် (ဘာသာရေးကို ရောယိမ်းလိုက်) ဖြစ်နေကြတာဟာ နိုင်ငံရေးအဝိဇ္ဇာဖုံးနေကြလို့၊ နိုင်ငံရေးမောဟကြီးနေကြလို့နဲ့ နိုင်ငံရေးလောဘ အတောမသတ်နိုင် ဖြစ်နေကြလို့ပါ။
အရာရာကို အော်ပြောလို့မရတော့ ဟောရတာ ခက်တယ်။
ဒေါက်တာတင့်ဆွေ
၁၂-၇-၂ဝ၁၆

Comments
Post a Comment