In search of Martyrs သူရဲကောင်း အလိုရှိသည်

အာဇာနည်နေ့ဆိုတာ တိုင်းပြည်တိုင်းမှာမရှိပါ။ မြန်မာပြည်မှာရှိတယ်ဆိုတာ ထူးခြားမှုတော့အမှန်ပါ။ ဒါပေမယ့်ဗျာ ဂုဏ်တင်စရာဆိုတာက ရင်နင့်အောင်နာရတဲ့နေ့ပါ။

ရင်နာစရာက တခုတည်းမကပါ။ အာဇာနည်နေ့ကို သေးသိမ်အောင်လုပ်ခဲ့တာ ၁၉၆၂ နောက်ပိုင်းကတည်းကပါ။
တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီ၊ နဝတ၊ နအဖနဲ့ ပြည်ခိုင်ဖြိုးအစိုးရ၊ (၅) မျိုးက တန်းစီနေတာ။

အဲဒီအာဏာပိုင်အဖွဲ့ (၅) ခုလုံးမှာ ခိုင်မာတဲ့အကြောင်းပြချက်တွေ ရှိနေမှာပါ။ ဘာတွေလဲတော့ သူတို့မှသာသိမှာ။

မတူတဲ့အမြင်ရှိရင် ဆွေးနွေးအဖြေရှာနည်းကို သုံးရမှာ။ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ တီဗွီ-ရေဒီယို စကားရည်လုပွဲတွေမှာ အထောက်အထား အကိုးအကားတွေနဲ့ တင်ပြဘို့လိုအပ်ပါ။

ဗိုလ်ချုပ်အောင်ဆန်းထက် နောက်တက်တဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်မှူးကြီးတွေကသာပါတယ်လို့ ရိုးသားပွင့်လင်းစွာ ပြောရဲကြပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ အာဇာနည်မပီသဘူးလို့ ပြောနိုင်စွမ်းရှိတဲ့ သူရဲကောင်းကို မြင်ဘူးကြားဘူးချင်လိုက်တာ။ အဲဒီဗိမာန်မှာ ပန်းခွေချပါရစေလားဗျာ။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး