Tabloid Media တက်ဘလွိုက်

မုံရွာအညာကမို့ ကြိုဆိုရတယ်။ နယ်သူနယ်သားမို့ အာမနာပါးမနာ ပြောပါရစေ။ ခေါင်းလောင်းသံတညံညံ၊ စာအတူ အံခဲ့သူသဘောနဲ့ပါ။

(တက်ဘလွိုက်) တော့ မဖြစ်စေနဲ့။ မီဒီယာဆိုတာ မဟုတ်မဟပ်တွေလည်း ထည့်ရတာတော့သိပါရဲ့။ တချို့မီဒီယာတွေက အဲတာမျိုးပဲ စင်တင်ပေးကြတယ်။ ရေဒီယိုတွေ၊ တီဗွီတွေလည်းပါတယ်။

ပြည်တွင်းတော့ သိပ်မသိပါ။ ပြည်ပက ဥက္ကဋ္ဌဟောင်းတွေ၊ အငြိမ်းစားခေါင်းဆောင်တွေ၊ ရာသက်ပန်ဆရာကြီးတွေတော့ အကုန်သိတယ်။ အပြောကတော့ ချောနေတာမျိုးက အသံဖိုင်မှာ သိပ်အသုံးကျတော့ နားထောင်သူတွေ လက်ခုပ်ရတယ်။ မိုင် ၃-၄ ထောင်အထိလှမ်းလှမ်းခေါ်ကြတယ်။ အရေးအသားမိုက်ရင် ပုံနှိပ်မီဒီယာမှာ ဘဝင်ခိုက်တော့ လိုက်တွေများတယ်။ မသိတော့ ဟီးရိုးတောင်မက၊ အာဇာနည်လို့အထင်ခံရတယ်။

မယုံရင် ဘယ်နိုင်ရောက် ဘယ်သူ့ကို မေးကြည့်ပါဆိုတဲ့ ကွန်မင့်ပေးသူမျိုးကလည်း လာသေးတယ်။ မူကြိုအဆင့်မျိုးပေါ့။ ဘာပြောနေနေ ခေတ်တိုင်းမှာ တက်ဘလွိုက်ဆိုတာ သည်းခြေကြိုက်ပါ။ မုံရွာဂေဇက် သွက်လက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး