Mr. Fat man

ကျွန်တော် ရှေးတုံးကပုံအဟောင်းလေးတွေတင်တော့ သုံးလေးယောက်ကနေပြောကြတယ်။ အဲဒီတုံးက ပိန်တယ်တဲ့။

ဟုတ်ပ။ နိုင်ငံရေးသမားဆိုတော့ ကြာလေး စားလေ ဝလေပဲလို့ဖြေပါတယ်။

အခုပုံကတော့ ၁၉၉၂-၉၃ ခုနှစ် ဒေလီမြို့၊ ဗီကစ်ပူရီ၊ ကေဂျီတူးမှာငှားနေတဲ့အိမ်မှာ မြန်မာ့အရေး ပဌမဆုံးကွန်ဖရင့်လုပ်ဘို့ တိုင်ပင်နေကြတာပါ။ ဒေါက်တာတင့်ဆွေ၊ ဦးလှဦး (NLD အမတ်၊ ယခု သြစတေးလျ)၊ ဦးမောင်မောင် (ယခု FTUM)၊ ဦးရိုဇာထန်း (ကျွန်တော့်ရုံးအဖွဲ့မှူး၊ ကွယ်လွန်)၊ ဦးမြညို (NLD ယခု ယူအက်စ်)၊ ဦးသန်းစိန် (NLD အမတ်၊ ယခုကွယ်လွန်)။

အိမ်သာတော့ ဧည့်လာတယ်။ လူဝင်လူထွက်များလို့ အဲဒီအိမ်ကနေ တလနဲ့ဆင်းခဲ့ရတယ်။

စွပ်ကျယ်အင်္ကျီ ဒေလီမှီ၏။ ကြိုးကြီးချိတ်လုံချည် နေပြည်တော်မှီ၏။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး