Hercules ဟာကျူလီအလေးပြုခဲ့ရတဲ့ အာဇာနည်နေ့
ဒီနှစ်အာဇာနည်နေ့မှာ သေးသိမ်အောင်လုပ်ခံထားရတဲ့ အလေးဂရုထားမှုတွေကို ပြန်ပြီးတွေ့ရပါတော့မယ်။
ကျွန်တော်တို့က ခေတ်ကောင်းမီလိုက်ပါတယ်။ မုံရွာလို နယ်မှာသာနေလို့ အာဇာနည်ကုန်းကို မရောက်ဖူးခဲ့ပါ။ ဒါပေမယ့် အာဇာနည်နေ့ရောက်တိုင်း မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ ရေဒီယိုနဲ့ စက်ရုံတွေကဆွဲတဲ့ ဥသြသံကြားခဲ့ရတယ်။ သွားလာနေရာကနေ ရပ်တန့်ပြီး အလေးပြုခဲ့ရဘူးပါတယ်။
ကျွန်တော်က အလယ်တန်းကျောင်းသားကနေ ဆေးကျောင်းသားအထိ စက်ဘီးနဲ့ကျောင်းသွားရပါတယ်။ ကျွန်တော့် လက်စွဲတော်က ဟာကျူလီစက်ဘီးဖြစ်ပါတယ်။
ဟာကျူလီကို လူအများသိကြမှာကတော့ လူသန်ကြီးဖြစ်မှာပါ။ စာအုပ်တွေ၊ ရုပ်ရှင်တွေထဲမှာ ဖတ်ကြရ မြင်ကြရမှာပါ။ ဟာကျူလီဟာ ဂရိဒဏ္ဍာရီထဲကလူစွမ်းကောင်းကို ရိုမန်လိုနာမည်ပေးထားတာဖြစ်ပါတယ်။ သူဟာ (ဇီးယပ်စ်) နတ်မင်းကြီးရဲ့ သားတော်တပါးဖြစ်တယ်။
ကျွန်တော်ဟာ အဲဒီ လူစွမ်းကောင်းအမည်နဲ့စက်ဘီးပေါ်ကဆင်းပြီး၊ မြန်မာပြည်ကအာဇာနည်တွေကို အလေးပြုခဲ့ရတာကို ကျေနပ်မိပါတယ်။
ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၆
Photo = Hercules bicycle, 1950's vintage

Comments
Post a Comment