Operation theatre ခမ်းနားသော ခွဲစိတ်ခန်း

Thurein Wintwar Htun OT လည်းမဟုတ်ဘူးနော် ဆရာ။

ကွန်မင့်ပေးသူက ကျွန်တော် ကလေးငယ်လေးတယောက် ပန်းအဖျား ခွဲစိတ်ပြုပြင်နေတဲ့ပုံကို ကြည့်ပြောတာပါ။ သူပြောတာ အမှန်ပါ။

ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်းမှာ (၁၉၇၄-၁၉၈၈) ၆ နှစ်တာ မြို့သာတိုက်နယ်ဆေးရုံမှာ OPD ပြင်ပလူနာဌာနကို လူနာရှင်းတာနဲ့ OT ခွဲစိတ်ခန်းအဖြစ်သုံးခဲ့ရတယ်။ (၂ဝဝ၂-၂ဝ၁၄) ဒေလီက ယမုန်ဆေးခန်းလေးမှာ Labor room သားဖွါးခန်းနဲ့ OT ခွဲစိတ်ခန်း အတူသုံးခဲ့ရတယ်။

မပြည့်စုံတာတွေရေးရရင် အများကြီးပဲ။ တရားစွဲခံရနိုင်တယ်။ ဘုန်းကြီး ခေါင်းခေါက်ပြီးမှ ကန်တော့ပါပြောသလို၊ ဓါးနဲ့ ခွဲစိတ်ဖြတ်တောက်ပြီးမှ ကျွန်တော့်လူနာတွေကို တောင်းပန်ပါတယ်။ ဆောရီး။

ပုံ = ၁၉-၆-၂ဝ၁၂ နေ့က နယူးဒေလီမြို့ ယမုန်နာဆေးခန်း ခွဲစိတ်ကုသမှု

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး