Mustard oil question ဆီ ဘာဆီလည်း
• သိချင်သူက မုန်ညင်းဆီမေး၊ မှတ်မိသေး၊
• ပြည်ပြေးကျွန်တော့် ဆီ၊ လေးနှစ်အကြာ အန်တီတို့မိသားစုက လိုက်အလာ၊
• ၁၉၉၅ ဇန္နဝါရီလထဲမှာ၊ တညတာ မိုးရေးမှာနား၊
• ကျောင်းသားတွေကကြိုဆို၊ လိုလေသေးမရှိ။
• သွားရည်စာ လက်ဖက်သုပ်၊ သမီးနဲ့အမေ ကိုယ်တိုင်ဝင်လုပ်၊
• အထုပ်နဲ့တွေ့တဲ့ မုန်ညင်းဆီ၊ ဘယ်လိုသုံးရမည်မသိ၊
• မေးလည်းမကြည့်၊ ခပ်ရွှဲရွှဲသာ ဆမ်းလိုက်ကြတော့၏။
• မြည်းကြည့်၊ ဘာအရသာမှန်းမသိ၊ စိမ်းရွှေရွှေစော်နံပါဘိ။
• ကျောင်းသားတွေက ရယ်ကြလေတော့၏၊
• မုန်ညင်းဆီဆိုတာ မသုံးခင်မှာ ကြော်ရတာ၊ အဲတာပညာ၊
• အိန္ဒိယမှာသင်ယူစရာ သင်္ခန်းစာနံပါတ်တစ်တဲ့ဗျာ။ ။
ဒေါက်တာတင့်ဆွေ
၎-၇-၂ဝ၁၅

Comments
Post a Comment