Own Slips အရပ်ဆေးနည်းနဲ့ ရေးနည်းအမှားကြော်ငြာများ

၁။ ThinThin Mon ကန်နှင့်ကျောက်ချင်လူပါ
Tint Swe ကိုယ်ပိုင်ဆေးနည်းကို မိမိဖေ့စ်ဘွတ်မှာသာရေးပါရန်လို့ ခဏခဏ (ခဏခဏ) ရေးပြီးဖြစ်ပါတယ်။ ခဏနေရင်ကွန်မင့်ကိုဖျက်ပါမယ်။ ဆောရီး။

၂။ Yaw Min ဆေးနည်းတစ်ခုပေးပါ့မယ် အလွယ်လေးပါဘဲ အင်္ဂလိပ်ဆေး နီနာဇော တစ်ကပ်ဝယ်သောက်ပါ တစ်နေ့မှတစ်လုံး သောက်ပါ ရေချိးတဲ့အခါ ညှင်းရှိတဲ့နေရာကိုရေချိး သို့ ကျောက်ခဲနဲ့ နဲနဲပွတ်ပေးပါ ပီးရင် သနပ်ခါးနဲ့ ဆော်တာလိမ်းပေးပါ အမြန်ဆုံးပြောက်ပါတယ် တစ်ခုတော့မှာလိုက်မယ် ကိုယ်အဝတ်အစားတွေကို သေခြာဆပ်ပြာနဲ့ ပြန်လျှော်ပါ ဒီအဝတ်အစားကပြန်ကူးနိုင်လို့ပါ
Tint Swe ကိုယ်ပိုင်ဆေးနည်းကို မိမိဖေ့စ်ဘွတ်မှာသာရေးပါရန်လို့ ခဏခဏ (ခဏခဏ) ရေးပြီးဖြစ်ပါတယ်။ ခဏနေရင်ကွန်မင့်ကိုဖျက်ပါမယ်။ ဆောရီး။

၃။ KoKo Thaw လိမ်းဆေးလည်းရှိပါတယ် ညှင်းကတော့ သောက်ဆေးမှ ပြောက်ပါတယ်
Dr. Tint Swe ကိုယ်ပိုင်ဆေးနည်းတွေကို ကိုယ့်ဖေ့စ်ဘွတ်မှာသာတင်ပါရန်လို့ ခဏခဏရေးပါတယ်။

မေးခွန်း (၁) မှာ
ကန့် နဲ့ ကျောက်ချဉ်လို့ရေးရပါတယ်။

မေးခွန်း (၂) မှာ
(သေချာ) လို့ရေးရပါတယ်။ (ဆော်ဒါ) လို့ရေးရပါတယ်။ (ပီး) မဟုတ်ပါ။ (ပြီး) လို့သာရေးရပါတယ်။ (တစ်) တွေကတော့ ပြောရပေါင်းများလွန်းလှပါပြီ။

မေးခွန်း (၃) မှာ
ပြောက်= ပြောက်ကျား၊ ပြောက်တိပြောက်ကျား၊
ပျောက် = ပျောက်ဆုံး၊ ပျောက်ပျက်၊ ပျောက်ပြယ်၊ ပျောက်ရှ၊ ပျောက်ခြင်းမလှပျောက်သွား။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး