Saturday, July 16, 2016

The Provocative Book ဆရာတော်သျှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လူသေလူဖြစ်







စိတ်ဝင်စားပြီး ဘာသာရေးအရ အငြင်းပွားစရာဖြစ်တဲ့ လူသေလူဖြစ်စာအုပ်ကို ဗိုလ်ချုပ်အောင်ဆန်းက တောင်းပန်ခဲ့လို့ ဆရာတော် သျှင်ဥက္ကဋ္ဌက ရေးသားခဲ့ကြောင်း စာရေးဆရာမင်းအောင်ရေးသားခဲ့တဲ့ စာမူရင်းကို Aung Thu ဖေ့စ်ဘွတ်ကနေ အခုပဲတွေ့ပါတယ်။

ဗိုလ်ချုပ်အိမ်သို့ ဆွမ်းစားကြွခဲ့သော တောင်တွင်းကြီး ဆရာတော် ရှင်ဥက္ကဋ္ဌဖြစ်ထွေ
၁၉၇၁ - ခု၊ မတ်လ (၃) ရက်
၁၃၃၂ - ခု၊ တပေါင်းလန်း - ၄ - ရက်နေ့ထုတ် ဦးညိုမြ ဦးစီးထုတ်ဝေခဲ့သော အိုးဝေဂျာနယ်တွင်ပါရှိခဲ့သည့် ဆောင်းပါး (မူရင်းအတိုင်း) ဖြစ်ပါသည်။

• (အကြောင်းရင်းတခု ရှိရပေဦးမည်) လို့ရိုက်ထားပါတယ်။ (အကြောင်းရင်းတစ်ခု) မဟုတ်ပါ။
• (တညနေဘက်) လို့ရိုက်ထားပါတယ်။ (တစ်ညနေဘက်) မဟုတ်ပါ။
• (လူတယောက်အား) လို့ရိုက်ထားပါတယ်။ (လူတစ်ယောက်) မဟုတ်ပါ။
• (ဗမာတမျိုးသားလုံးအတွက်လည်း) လို့ရိုက်ထားပါတယ်။ (ဗမာတစ်မျိုးသားလုံးအတွက်လည်း) မဟုတ်ပါ။
• (တမျိုးသားလုံး) လို့ရိုက်ထားပါတယ်။ (တစ်မျိုးသားလုံး) မဟုတ်ပါ။
• (ခေါင်းဆောင်ကြီးတယောက်) လို့ရိုက်ထားပါတယ်။ (ခေါင်းဆောင်ကြီးတစ်ယောက်) မဟုတ်ပါ။

၁၉၄၇ ခုနှစ်၊ ဇွန်လထဲလောက်မှာ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်တဲ့ ရန်ကုန်မြို့ တာဝါလိမ်းနေအိမ်ကို တောင်တွင်းကြီး ဆရာတော် သျှင်ဥက္ကဋ္ဌ ဆွမ်းစားကြွခဲ့ပါတယ်။ ဗိုလ်ချုပ်နဲ့ ဆရာတော်တို့ အလ္လာပသလ္လာပ စကားပြောကြရာကနေ ဗိုလ်ချုပ်ရဲ့တောင်းပန်ချက်အရ စာအုပ်ရေးဖြစ်တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်လုပ်ကြံခံရတော့ ဗိုလ်ချုပ်ကို နှမြောလွန်းလို့ ရေးချင်စိတ်ကုန်ခမ်းသွား ရပ်နားထားခဲ့ရပြီး၊ ၁၉၅ဝ ရောက်မှ စာအုပ်ကို ဆုံးအောင်ရေးသားခဲ့တယ်လို့ဆိုပါတယ်။

(တ) ရမယ့်သူ ကျဆုံးပြီးတဲ့နောက် (တစ်) သမားခေတ်ကို ရောက်လာခဲ့ပါတယ်လို့ ကောက်ချက်ချရပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...