IMM Friends ဆေးမန်း သူငယ်ချင်းများ

ဆေးကျောင်းတုံးက သူငယ်ချင်းတွေက တယောက်တမျိုး။ ကျွန်တော်လိုပဲ။

မနေ့က မန္တလေးနေတဲ့သူငယ်ချင်းက စက်ဘီးမှာ စက်မပါတဲ့။ ကြောင်အိမ်ထဲ ကြောင်မဝင်ရတဲ့။ ခြင်ထောင်ထဲ ခြင်ကောင် ထောင်မကျတဲ့။ အဲတာနဲ့ သူငယ်ချင်းအိမ်မှာ ဆင်ဝင်ပါသလားလို့ မေးလိုက်တယ်။

လန်ဒန်ရောက်နေတဲ့သူငယ်ချင်းကတော့ နေ့တိုင်း ဟင်းချက်ပြနေတယ်။ သူထွက်သွားတုံးက အရိုးအထူးကုလို့သာ သိထားတာ။ အဲတာနဲ့ သူငယ်ချင်းက အရိုးပါစားရတဲ့ငါးချက်နည်း သွားသင်တာကိုးလို့ ရေးလိုက်တယ်။

ဟော့ အခု သူငယ်ချင်းဆရာဝန်မက အိမ်မှာပွင့်တဲ့စကားဖြူပန်းပါ။ စကားဝါလောက်တော့ မမွှေးဘူး။ ပန်းစိုက် ဝါသနာပါလို့ပါတဲ့။

အေး ဒွိုင်းရေ့ တို့တိုင်းပြည်က စကားဖြူ၊ စကားစိမ်း၊ စကားဝါ၊ အားလုံးမွှေးပါတယ်။ တို့နေခဲ့တဲ့ အိန္ဒိယမှာတော့ ဘယ်ပန်းမှ မမွှေးဘူး။ ပန်းခြံဆိုတာမှာလည်း ပန်းပင်မရှိဘူး။ ပန်းရောင်းတာက ကုလားယောက်ျားတွေ။ လမ်းဘေး အသေးစားပန်းပဲဖိုမှာ ဒယ်အိုး၊ ပေါက်ပြား၊ ကြက်သွန်လှီးဓါး လုပ်ကြတာက မကုလားမတွေ။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး