A group of ducks ဗိုလ်ချုပ်နေဝင်းက တစ်တရားခံမဟုတ်

Nyo Htet Nyo အမှန်တော့ ဒီလိုဖြစ်နေတာ ကိုယ့်စာပေအတွက် ရှက်ဖို့ကောင်းပါတယ်။ တညီတည်း ပြန်ပြင်သင့်ပြီ။ ပထမဆုံး သူငယ်တန်း ကလေး တွေကို သင်တဲ့နေရာမှာ မုချ ပြင်ရပါမယ်။ တပြိုင်နက်တည်း ပုံနှိပ်မီဒီယာတွေကိုပါ ပြင်ရပါမယ်။ ပြင်ရင်လဲ အမိန့်ထုတ် ပြင်ဖို့ကလွဲပြီး အခြားနည်း မရှိပါ။ ဒီနေ့လုပ်ရင် နောက် သုံးနှစ်အတွင်း ဒီပြဿနာ ပြီးပြတ်သွားပါလိမ့်မယ်။ ဒါပေမဲ့ အစိုးရ အကူအညီ မပါဘဲ မဖြစ်နိုင်ပါ။
Tint Swe မြန်မာစာသမိုင်းမှာ ဘုရင်တွေ၊ အစိုးရတွေကနေ သတ်ပုံကို အမိန့်နဲ့ခိုင်းတာ မရှိပါ။ ဦးနေဝင်းကိုယ်တိုင် ၁၉၈၁ ဇူလိုင်လနဲ့ သြဂုတ်လ မြန်မာစာအဖွဲ့အစည်းအဝေးတွေမှာ တပြေးညီအောင်လုပ်ကြလို့သာ လမ်းညွှန်ခဲ့ပါတယ်။

ဒါပေမယ့် (နဝတ) မဟုတ်၊ (နအဖ) စစ်အစိုးရလက်ထက်မှာ မြန်မာ့သမိုင်းမှာ ပဌမဆုံးအကြိမ်အဖြစ် သတ်မှတ်ထားတဲ့ သတ်ပုံသာမက အသုံး ဥပမာ ယိုးဒယား မဟုတ်ရင် ထုတ်ဝေခွင့် မပေးပါ။ စာလုံးရေအလိုက် ဒဏ်ငွေဆောင်ရပါတယ်။

မျက်စိအောက်မှာတင် အရင်အစိုးရလက်ထက်နောက်ပိုင်းကစပြီး သတ်ပုံပြင်လာကြတဲ့ မီဒီယာတွေ တွေ့လာနေပါတယ်။ လွက်သွက်ခါမှားတာတွေလည်း များပါသေးတယ်။
မြန်မာစာကိုတကယ်တန်း တန်ဖိုးထားသူတွေနေသာ မှန်ကန်၊ တိုးတက်၊ စည်ပင်အောင်၊ ခေတ်နဲ့လျှော်ညီအောင် လုပ်ကြရပါမယ်။ အမိန့်အာဏာနောက်သာလိုက်တဲ့အကျင့် နည်းလာ၊ ပြင်လာမှသာ ရလာစရာရှိပါတယ်။

ဗိုလ်ချုပ်နေဝင်းက တစ်တရားခံမဟုတ်ပါ။ အကျင့်ဟောင်းကသာ။ ဘဲအုပ်ကြားမှာ ဗေဒါတွေပင်ရှိပါတယ်။
ကျွန်တော် နောက်ထပ်လည်း စာအုပ်တွေထုတ်ပါမယ်။ သတ်ပုံမှန်တဲ့စာအုပ်တိုက်ကနေသာ ထုတ်ပါတယ်။ တစ်တွေမဟုတ်လို့ မဝယ်ကြလည်း ဝမ်းမနည်းပါ။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး