Old Coins ဒင်္ဂါးပြား




Bawk Ja Labya အရင်တုန်းက ချူး လို့ဘာကြောင့်ခေါ်ကြတာလဲ ဆရာ။

မြန်မာနိုင်ငံမှာ ရှေးဘုရင်တွေလက်ထက်ကတည်းက ဒင်္ဂါးသွန်းလုပ်သုံးစွဲခဲ့တယ်။ အရုပ်ခပ်နှိပ်တာက အမျိုးမျိုးရှိတယ်။ ဒေါင်းဒင်္ဂါး (ရတနာပုံဒေါင်းဒင်္ဂါး)၊ ခြင်္သေ့ဒင်္ဂါး၊ ယုန်ဒင်္ဂါး၊ တိုးဒင်္ဂါး (ရတနာပုံတိုးဒင်္ဂါး၊ ထိုးနယားရုပ်) စတာတွေရှိခဲ့တယ်။ တိုးဆိုတာ မြင်းနဲ့ သမင်ပေါင်းစပ်ထားတဲ့အကောင်လို့ဖတ်ရတယ်။

ခြူးလို့စာရေးထိုးထားတဲ့ဒင်္ဂါးကို မတွေ့ဘူးသေးပါ။ ခြင်္သေ့နဲ့ဆင်ပုံရတယ်။ ငယ်ငယ်က ခြူးဒင်္ဂါးလို့ လူကြီးတွေပြောကြတာ ကြားဖူးတယ်။ ပိုက်ဆံမရှိတာကို ခြူးတပြားမှမရှိဘူးလို့ ပြောစမှတ်စကားလည်း ကြားဘူးပါတယ်။

ပိုက်ဆံဆိုတာ ဟင်ဒီစကား (ပိုက်ဆေး၊ ပိုက်ဆဲ) ကနေလာတာပါ။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး