Wednesday, July 27, 2016

Okara လေးဒီးစ် ဖင်းဂါး

မြန်မာလူမျိုးတွေစားတာကို အမေရိကားမှာ စိုက်ကြပါတယ်။ ကိုယ့်အိမ်ခြံမှာစိုက်ထားပြီး ဖေ့စ်ဘွတ်ကနေ ပို့စ်တင်တယ်။ Smile ကွန်မင့်တခုရေးလိုက်တာ အိမ်တိုင်ယာရောက် လာပေးတယ်။

ချဉ်ပေါင်ရွက်၊ ပင်စိမ်းရွက်၊ ငရုပ်သီးနဲ့ (လေဒီးစ်ဖင်းဂါး)။

နောက်ဆုံးစားစရာကိုမှ အင်္ဂလိပ်လိုရေးရာ အကြောင်းရှိပါတယ်။ အစိုးရထုတ် မြန်မာအဘိဓာန်မှာ (ရုံးပတီသီး) တဲ့။ အွန်လိုင်းသတ်ပုံကျမ်းက (ရုံးမတီသီး) တဲ့။ ကျွန်တော်တို့အရပ်မှာ (ရုံးပလေသီး) လို့သာခေါ်တယ်။ ဒေလီမှာ (လေဒီးစ်ဖင်းဂါး) ဆိုရင် လူတိုင်းသိတယ်။ အမေရိကားမှာတော့ တမျိုးတဘာသာ (အိုကရာ) တဲ့။

ကြုံကြိုက်လို့ ပြောရအုံးမယ်။ ဒေလီတုံးကဆေးခန်းလေးမှာ ဆရာမတွေကိုစာသင်ပေးရတော့ ခွဲစိတ်ကုဆရာဝန်ဆိုတာ အရည်အချင်း (၃) ရပ်ရှိအပ်တယ်လို့ သင်ပေးပါတယ်။
၁။ (အီးဂဲလ်စ် အိုင်း) သိန်းငှက်တို့မျက်စိလို စူးရှပြီး မြင်နိုင်စွမ်း ကောင်းရတယ်။
၂။ (လိုင်းယွန်းစ် ဟဒ်) ခြင်္သေ့လို သားကောင်ငယ်ပါစေ စိုက်ထုတ်တဲ့လုံ့လကို မပေါ့ရ။
၃။ (လေးဒီးစ် ဟင်း) မိန်းကလေးလက်တွေလို ကိုင်တာတွယ်တာ ညင်သာရမယ်။

နောက်ရက်တွေမှာ မှတ်မိကြလား ပြန်မေးတော့ ဆရာမ ၃-၄ ယောက်က နံပတ် (၃) ကို တထပ်တည်း ဖြေကြတယ်။ (လေးဒီးစ် ဖင်းဂါး) တဲ့။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၆
Thanks to Ma Hnin and Aung Kyaw Moe

No comments:

Post a Comment

Note: Only a member of this blog may post a comment.

နှမ်းဖတ်ချဉ်ဋီကာ

နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။ ဆီးကြ...