ရင်နင့်အောင်မွှေး

ဂျာနယ်ကျော် မမလေးရေးသားခဲ့တဲ့ ရင်နင့်အောင်မွှေး (၁၉၆၇) ထုတ် အမှာစာ

ကျမရေးခဲ့သော ‘မုန်း၍မဟူ’ ဝတ္ထုကို ရုပ်ရှင်ဒါရိုက်တာဦးချစ်ခင်က ရုပ်ရှင်ရိုက်ချင်သဖြင့် လာ၍ဝယ်သည်။ မုန်း၍မဟူ ဝတ္ထုကို ရုပ်ရှင်ဒါရိုက်တာဦးချစ်ခင်က ရုပ်ရှင်ရိုက်ရန် ပေးချင်သော်လည်း ရှုမဝဦးကျော်က သူမှတပါး ဤဝတ္ထုကို မည်သူ့ကိုမျှ ရုပ်ရှင်ရိုက်ရန်အတွက် မပေးရန် ပြောဆိုထားချက်ရှိခြင်းကြောင့် ဝမ်းနည်းစွာဖြင့် ငြင်းလိုက်ရသည်။ ဦးချစ်ခင်အား မပေးနိုင်၍ ‘မုန်း၍မဟူ’ အစား ဝတ္ထုရှည်တပုဒ် ဦးချစ်ခင်အတွက်ရေးမည်ဟု အမှတ်ထားလိုက်သည်။

ကျမ၏ဘဝတလျှောက်လုံး ဘယ်သောအခါမှ အားလပ်ခွင့်မရှိခဲ့ဘဲ၊ နေ့ရှိသ၍ အလုပ်ကိစ္စအမျိုးမျိုးနှင့် လူနာများဖြင့်သာ အလုပ်ရှုပ်လျက် အချိန်ကုန်ခဲ့ရသည်။့

- ဂျာနယ်ကျော် မမလေးရဲ့ ဝတ္ထုရှည်တပုဒ်ဟာ ဝတ္ထုရှည်တစ်ပုဒ် မဟုတ်ပါ။
- ဂျာနယ်ကျော် မမလေးရဲ့ ဘဝတလျှောက်လုံးဟာ ဘဝတစ်လျှောက်လုံးမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး