Mixed color dress စပ်ထဘီ


လန်ဒန်မြို့တော် ဒေါင်းနင်းလမ်း အမှတ် (၁ဝ) ကနေ ထွက်ခွါတဲ့ ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းရဲ့ဇနီး ဝတ်ဆင်ထားတာနဲ့ ဘတ်ကင်ဟမ်နန်းတော်မှာ ဘုရင်မကြီး အဲလိဇဗက်ကောင်းချီးပေးတာလာခံယူတဲ့ ဝန်ကြီးချုပ်သစ် ထရီဇာမေ ဝတ်စားထားတာကို ဗမာ့မျက်စိနဲ့ကြည့်ရင် စပ်ထဘီဆင်ဖြစ်ပါတယ်။

အညာဒေသမှာတော့ တောပိုင်းကနဲ့ ဆင်းရဲတဲ့အမျိုးသမီးတွေက စပ်ထဘီကို ဝတ်ဆင်ကြလေ့ရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကပါ။ အခုတော့ သိပ်မသိပါ။ ဘုန်းကြီးကျောင်းတွေမှာလည်း သေဆုံးသူတွေရဲ့ အဝတ်အစား အကောင်းတွေကိုစပ်ပြီး ကလားကာ ချုပ်လေ့ရှိပါတယ်။

ရှမ်းအမျိုးသမီးတွေက ရိုးရာဓလေ့အဖြစ် ပတ်ထဘီ၊ ကွင်းထဘီ၊ ရွှေထဘီနဲ့အတူ စပ်ထဘီကို အမြတ်တနိုး ဝတ်ဆင်လေ့ ရှိကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး