Performance Art အတုပညာ

အာဇာနည်နေ့မှာ ကလေးလို့ခေါ်ရမယ့်အရွယ် မိန်းကလေး ယောက်ျားလေးတွေ ဂုဏ်ပြုသီချင်းတွေ တီးမှုတ် သီဆို တင်ဆက်ကြတာတွေ့တော့ သဘောကျပါတယ်။ ချီးမွမ်းပါတယ်။ ဒါပေမယ့့်

ကျွန်တော့်ရဲ့ညံ့တဲ့ပညာတွေထဲမှာ တေးဂီတနဲ့ သုခုမကအောက်ဆုံးမှာရှိပါတယ်။ တတ်သလောက်လေးနဲ့ နည်းနည်းတော့ ရေးပါရစေ။

ကလေးတွေမှာ အသံကတော့ ပြောစရာမရှိပါ။ လက်ဟန်၊ ကိုယ်ဟန်ကို ဒါရိုက်တာတွေက သင်ပေးထားတဲ့အတိုင်း သရုပ်ဆောင်ကြတယ်။ နည်းနည်းလွန်ကဲနေတယ် ထင်မိတယ်။ သူ့အရွယ်နဲ့သူ့ဟန်ပန်ဆိုရင် ပိုပြီးချစ်စရာကောင်းမယ်၊ ပိုပြီးလေးနက်မယ် ထင်ပါတယ်။

ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်ကလေးသရုပ်ဆောင်တွေကို လူကြီးစကားတွေသင်ပေးထားတာမျိုး ကြည့်မရခဲ့၊ နားထောင်မရခဲ့ပါ။ ဝတ္ထုတွေမှာလည်း ဇာတ်ကောင်က တန်ရာတန်ရာမပြောတဲ့ (လိုင်း) တွေဖတ်ရတာ သဘောမကျပါ။

အနုပညာဆိုတာ အတုပညာဖြစ်ပေမယ့် ဇာတ်လိုက်တိုင်းကို ဆူပါမင်းလိုမလုပ်သင့်လို့ ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ