Mandalay Centennial မန္တလေးမြို့တည်နန်းတည် အနှစ်တရာပြည့်

မန္တလေး ရတနာပုံရွှေမြို့တော်ကို မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မင်းတုန်းမင်းတရား တည်တော်မူသည်။ ဤ သက္ကရာဇ်မှာ မော်ကွန်းစိုက်ထူသော သက္ကရာဇ်ဖြစ်၏။ အမှန်အစပြုသော သက္ကရာဇ်မှာ ၁၂၁၈ ခုနှစ်ဖြစ်၍ သာသနာ သက္ကရာဇ် ၂၄ဝဝ နှင့်ကိုက်ညီသည်။ ထို့ကြောင့် မြို့တော်ကို သာသနာသက္ကရာဇ် ၂၄ဝဝ နှင့်ကိုက်အောင် တာ ၂၄ဝဝ ထားသည်။ ၇ တောင်ကို တတာအဖြစ် အသုံးပြုသည့်မြို့တော်မှာ လေးထောင့်အချိုးကျဖြစ်၍ မြို့တမျက်နှာလျှင် တာ ၆ဝဝ ထားသည်။ ကမ္ဗည်းနှစ်အရ အနှစ် ၁ဝဝ ပြည့်သော မြန်မာသက္ကရာဇ် ၁၃၂၁ ခုနှစ် (ခရစ် ၁၉၅၉ ခုနှစ်) တွင် ရွှေမန်းမြို့တော်သူမြို့တော်သားတို့သည် မန္တလေး မြို့တည်နန်းတည် အနှစ်တရာပြည့် အထိမ်းအမှတ် သဘင်ပွဲကို ခမ်းနားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ပေသည်လို့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉)၊ စာမျက်နှာ (၃၂၄-၃၂၈) မှာ ရေးထားပါတယ်။

- မြို့တစ်မျက်နှာ မဟုတ်ပါ။
- အနှစ်တစ်ရာပြည့် မဟုတ်ပါ။
- တစ်တာအဖြစ် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး