Pregnancy multivitamins are a waste of money

လွန်ခဲ့တဲ့ တနာရီကထွက်တဲ့ ဘီဘီစီ ကျန်းမာရေးသတင်းကဆိုလိုက်တာပါ။ ကိုယ်ဝန်ဆောင်လို့ ဗီတာမင်ပိုလိုမယ်ဆိုတာ မဟုတ်ပါလို့ သုတေသနလုပ်သူတွေကနေပြောလိုက်ပါတယ်။ Drug and Therapeutics Bulletin ထဲမှာ ဗီတာမင်တွေ သောက်လို့ မိခင်ရော ကလေးကိုပါ ပိုကောင်းမှာမဟုတ်ပါလို့ရေးသားလိုက်ပါတယ်။ မသောက်မဖြစ်လိုမှာကတော့ ဗီတာမင်ဒီနဲ့ ဖေါလစ်အက်စစ်ဖြစ်ပါတယ်။ အစားအသောက်မှာ လုံလောက်မျှတရပါမယ်။

ဆေးကုမ္ပဏီတွေကတော့ တချို့ကိုယ်ဝန်ဆောင်တွေက ဗီတာမင်နည်းနေကြတယ်လို့ဆိုပါတယ်။ Folic acid 400ug နေ့စဉ်သောက်ရင် ကလေးအာရုံကြောချို့ယွင်းတာကိုကာကွယ်နိုင်တာသေချာပါတယ်။ ဗီတာမင်ဒီ Vitamin D 10mg လည်း နေ့စဉ်လိုပါမယ်။ ဗီတာမင်အေကိုတော့ မသောက်သင့်ပါ။ များရင် ကလေးအတွက်မကောင်းပါ။

ကျွန်တော့်ဆီကို တိုင်ဝမ်နဲ့ ဂျပန်ရောက် မြန်မာအမျိုးသမီးကိုယ်ဝန်ဆောင်တွေက မေးကြပါတယ်။ သူတို့ရောက်တဲ့ တိုင်းပြည်မှာ ကိုယ်ဝန်သွားအပ်တော့ ဘာအားဆေးမှမပေးဘူးတဲ့။ စောစောကသုတေသနက ဗြိတိန်ကဖြစ်တယ်။ အဲတော့ မြန်မာပြည်ထဲမှာနေကြတဲ့ မြန်မာကိုယ်ဝန်ဆောင်တွေ ဘာကိုလိုက်နာကြမလဲ။

ကျွန်တော်က အများအားဖြင့် ဆေးကုမ္ပဏီတွေကို ဝေဖန်ပါတယ်။ ဒီနေရာမှာတော့ ဆေးကုမ္ပဏီတွေပြောတာကို အတိုင်းအတာတခုထိ လက်ခံပါတယ်။ မြန်မာအမျိုးသမီးတွေအများစုဟာ (၁) ငွေကြေးမတတ်နိုင်တာ၊ (၂) ကျန်းမာရေး အသိနည်းတာနဲ့ (၃) အစားရွေးတာ ရှောင်တာတွေလုပ်ကြတယ်။ အဲတော့ ဗီတာမင်နဲ့ ဓါတ်ဆားတွေ နည်းနေတတ်တယ်။

ယေဘုယျပြောရရင်
(၁) ဖေါလစ်အက်စစ် လိုပါမယ်။
(၂) ကိုယ်ဝန်ဆောင်အားဆေးသောက်တာ သင့်ပါတယ်။
(၃) သံဓါတ်လိုပါမယ်။
(၄) ဗီတာမင်ဒီလည်းလိုပေမယ့် ဥရောပအမျိုးသမီးထက် နေရောင်ကောင်းကောင်းရလို့ သိပ်မဆိုးပါ။ ကျွန်တော်တို့ဆီမှာ နွားနို့သောက်တဲ့အလေ့အထ နည်းလွန်းလို့ လိုတာဖြစ်ပါတယ်။
(၅) မေးလေ့ရှိတဲ့ ကြော်ငြာကောင်းကောင်းနဲ့ ရောင်းတဲ့ဆေးတွေကိုတော့ ထောက်ခံချက်မပေးလိုပါ။ ဆေးနာမည်တွေ ရေးပြရမှာ အားနာပါတယ်။

ကိုယ်ဝန်မှာ မိခင်လောင်းစားသောက်တာထဲကနေ ကလေးအတွက် အကောင်းဆုံးယူသွားတယ်။ အာဟာရဓါတ်နည်းနေတဲ့ မိခင်လောင်းဟာ ကလေးမွေးပြီးတာနဲ့ အားနည်းတာပိုသိသာကြတာတွေ့ရတယ်။ ထုံနာကျင်နာဖြစ်တယ်။ ကြွက်တက်တယ်။ ကြွက်သားတွေအားနည်းနေတယ်။ ကျွန်တော်က အိုဂျီမဟုတ်ပါ။ သုတေသနအဖွဲ့နဲ့ ဓါတ်ခွဲခန်းလည်း မရှိပါ။

မြန်မာအမျိုးသမီးမိခင်လောင်းတွေ အာဟာရပြည့်ဝကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၁-၇-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး