Premaston ပရိုဂျက်စတီရုန်းဆေး

၁။ ဆရာရှင့် အသက်က ၃ဝ၊ အမျိုးသမီးပါ။ ရှေ့မှာလဲ တခါမေးပြီးပါပြီ။ အခုထပ်မေးချင်တာက သမီးက ကလေးရဖို့ ကြိုးစားနေတာပါ။ အခု ဒီလ ၈ လပိုင်းအတွက် ရာသီမလာသေးပါ။ ဆီးစစ်ကြည့်တော့လဲ negative ပါ ၇ လပိုင်း တုန်းကတော့ Premaston ဟော်မုန်းဆေးသောက်ထားပါတယ်။ အဲ့ဒါသောက်ထားလို့မလာတာလား သိချင်လို့ပါ
ဆရာ့ထံမှ အကြံပေးချက်လေးလိုချင်လို့ပါ။ ဆရာဝန်ပြန်ပြသင့်လားဆိုတာလေး ဖြေကြားပေးပါဆရာ။

အရင်ကမေးလို့ဖြေထားပါတယ်။

၂။ ဆရာ Premaston ရဲ့ Side Effect လေးတွေ သိချင်လို့ပါ။ သမီးကို တနေ့ 3 လုံး 3 Weeks သောက်ခိုင်းလို့ပါ။ လောလောဆယ်တော့ ဆံပင်တွေ အရမ်းကျွတ်နေလို့ပါ။ မြင်မကောင်းအောင်ကျွတ်တာပါဆရာ။

အသက် မသိပါ။ ရာသီ မသိပါ။ အိမ်ထောင်ရေး-ကိုယ်ဝန်-ကလေး မသိပါ။

၃။ မင်္ဂလာပါဆရာ။ ကိုယ်ဝန်က ၉ လထဲရောက်ပါပြီ။ OG က ကလေးစောမမွေးအောင် ကိုယ်ဝန်ရင့်မှသောက်တဲ့ ခိုင်ဆေး ၁၅ ရက် သောက်ခိုင်းပါတယ်။ ကလေးတခုခုဖြစ်မှာစိုးရိမ်လို့ ဆေးသောက်သင့် မသောက်သင့် ညွှန်ကြားပါဦးရှင့်။

အသက် မသိပါ။ ဆေးအမည် မသိပါ။

အသက်က ၂၈ ပါရှင့်။ ဆေးအမည်က Premaston ပါရှင့်။ ကိုယ်ဝန်က ၃၅ ပတ်ပါဆရာ။

Premaston ဆေးထဲမှာ Allylestrenol 5 mg ပါတယ်။ Progestogen ပရိုဂျက်စတိုဂျင်ဟော်မုန်းဆေးဖြစ်တယ်။ ကိုယ်ဝန်မပျက်အောင်၊ ကလေးစောမမွေးအောင်ပေးတယ်။ ယောက်ျား ဆီးကျိတ်ကြီးတာအတွက်လည်းပေးတယ်။ ကိုယ်ဝန်ပျက်မှာကို ကာကွယ်ဆေးဘို့ 5 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ ကလေးစောမွေးမှာအတွက်လည်း ပေးတယ်။ 5 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ အများဆုံး 40 mg ပေးတယ်။ ယောက်ျားဆီးကျိတ်ကြီးတာကိုလည်း ပေးတယ်။ မကြာခဏ ကိုယ်ဝန်ပျက်သူကို ကိုယ်ဝန်သေချာကတည်းက 5-10 mg / day တလအနည်းဆုံးပေးတယ်။

Missed abortion ကိုယ်ဝန်ပျက်ခြင်း တမျိုးနဲ့ Recurrent miscarriage ကိုယ်ဝန် ခဏခဏပျက်ရခြင်းမှာသုံးနိုင်တယ်။

ဆံပင်ကျွတ်တာအတွက် ဘလော့မှာဖတ်လိုကဖတ်ပါ။
Hair Loss (1) ဆံပင်ကြွတ်ခြင်း (၁) http://doctortintswe.blogspot.com/2014/11/hair-loss.html
Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ http://doctortintswe.blogspot.com/2014/11/hair-loss-in-women-treatments.html

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး