Mr. Chairman သဘာပတိကြီးခင်ဗျား
နုနုရည် (အင်းဝ) ကပြောတာတခုကြားလိုက်တယ်။ စာပေဟောပြောပွဲတွေမှာ ဘယ်သူနဲ့အတူတွဲပြောရဟောရ ရပါတယ်။ ဒါပေမယ့် စာရေးဆရာအစစ်မဟုတ်သူတွေကတော့ တမျိုးဆိုတဲ့သဘောပြောပါတယ်။ စကားလုံးအတိအကျတော့ မဟုတ်ပါ။ ဆောရီး။ ကျွန်တော်က အဲတာကို သဘောတူတယ်။
အနှစ် (၂ဝ) ကျော် ပြည်ပမှာ လူရှေ့ထွက်ပြီးစကားမပြောရတဲ့ ရက်သတ္တပတ်ဆိုတာမရှိခဲ့ပါ။ အခမ်းအနားမရှိတဲ့လလည်း မရှိခဲ့ပါ။ အဲလိုဟာတွေမှာ အများအားဖြင့် သဘာပတိခေါ် ပရိသတ်ရှေ့ကနေ ကုလားထိုင်မှာ ထိုင်ရတဲ့သူဖြစ်ခဲ့ရပါတယ်။ အများအားဖြင့် လူအများနဲ့တွဲထိုင်ရတာပါ။ အဲလိုလူအများကို ရွေးကြရတိုင်း ဘယ်သူတွေကိုရွေးမလဲက ခေါင်းစားတယ်။
အတူတူထိုင်ရသူတွေက အမျိုးမျိုး။ တခါတလေ ဇာတာသက်ကြည့်ရွေးကြတယ်။ တခါတလေ တဖွဲ့တယောက်ကျ ခွဲတမ်းချ။ တခါတလေတော့ မဲချရွေးသလားမသိ။ အများနဲ့လုပ်ရတာဆိုတော့ ဒီလိုပဲပေါ့။
ကျွန်တော်များ တကယ်လို့ မြန်မာပြည်မှာရှိလို့ စကားပြောအခိုင်းခံရရင် စာပေဟောပြောပွဲတွေမှာလည်းတန်းမဝင်၊ နိုင်ငံရေးစင်မြင့်ဆိုတာလည်းမရှိတော့။ ကျန်းမာရေးသာခေါင်းစဉ်တပ်ရင်တော့ သူကြီးကနေ တအိမ်တယောက်ဆင့်မှပဲ လူရှိမှာ။ ကျွန်တော့်အဆင့်က ဖေ့စ်ဘွတ်ဖရင်းတွေ့ဆုံပွဲဆိုရင် အကျုံးဝင်နိုင်တယ်။ Smile!
ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၆

Comments
Post a Comment