Thirty years more နောက်ထပ် အနှစ်သုံးဆယ်

၁၆-၇-၂ဝ၁၇ နေ့မှာ ကျွန်တော်တို့ အိမ်ထောင်ပြုတာ (၄၇) နှစ်ပြည့်ပါမယ်။ အိမ်ထောင်သက် (၃၉) နှစ်မှာ စာတပုဒ် ရေးစမ်းလိုက်ခဲ့ပါတယ်။ အနှစ်သုံးဆယ်ပြည့်တုန်းက သားတယောက်က ကဗျာတပုဒ်ရေးလို့ပါ။

• နှစ်ယောက်တည်းက အစပျိုးလာ၊
• ကလေးတယောက်တိုးတာဟာ ချစ်စရာတယောက်တိုးတာပါ။
• ကလေးတွေက တယောက်ပြီး တယောက်၊
• ချစ်စရာတွေက အသစ်အသစ်ရောက်၊ ချစ်စရာတွေက အသစ်အသစ်ပေါက်၊
• သားသမီးအချစ် မြေးအနှစ်၊ အချစ်-အနှစ်တွေက တောက်လျှောက်။
• နောက်ပေါက်တွေတိုးလာမှ သဘောပေါက်ရ၊
• ဆီမီးကို ကူးပေးပေမဲ့ ကုန်မသွားတဲ့ပညာဆီမီး ချီးကျူးကြ။
• ဒါပေမဲ့ ကိုယ့်မှက ပြည်ပြေး၊
• ဥစ္စာအမွေဆိုတာက ဝေလာဝေး၊
• ပညာအမွေလဲ တဝက်တပျက်သာပေးနိုင်တဲ့ ကျွန်တော့်နိုင်ငံရေး။
• ခါးသီးတဲ့ကြားမှာ ချစ်စရာတွေက များများလာ၊
• အချစ်တွေက ပါးပါးမသွားပါ၊
• မိဘလိုချစ်ရတာ၊ အဖိုး-အဖွါးလိုချစ်ရတာ၊
• အချစ်ကလျော့မကျ၊ အသက်ပါ ငယ်သွားရသလိုပေါ့ဗျာ။
• တတိယမြေးမကို ကျောင်းပို့ရရင် အဖိုးလို့ မထင်၊
• မိတ်ဆက်ရရင့့်
• I’m grandfather of four! She calls me 44

ဒီစာကို ၂၂-၁၁-၂ဝဝ၉ နေ့ကရေးပြီးတဲ့နောက်မှာ မြေး ၃ ယောက်ထပ်တိုးလာ၊ ပုံထဲကထက် ၃ နှစ်ပိုပြီး အိုစာကြပြီ။ Smile!

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၇
(ဓါတ်ပုံ ၂၂-၃-၂ဝ၁၄ နေ့ နယူးဒေလီမှာနေခဲ့စဉ်က ကဗျာစပ်တဲ့သားရဲ့ သမီးနဲ့အတူ)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ