BBC, VOA, RFA ဘီဘီစီ-ဗွီအိုအေ-အာရ်အက်ဖ်အေ

မင်္ဂလာပါ ဆရာခင်ဗျ။ ကျနော်ကလေး နို့ဆို့တိုင်း တီးနေလို့ပါ။ ကျေဇူးပြု၍လမ်းညွန်မှုလေးပေးပါအုးံခင်ဗျ။ ကလေးအသက် ၁ဝ ရက် ယောက်ကျားလေး။ ပုဂ္ဂလိကဆေးရုံမှာမွေးပါတယ်။ မီး ၂ ရက်ပြရပါတယ်။ အထူးကုက   ကလေးကောက်ပါတယ် အထူးကုနဲ့ပြပါတယ်။ ၁ လပြန်ချိန်းပါတယ်။ grovit +folic acid တိုက်ခိုင်ပါတယ်။ တရက် ၁ ကြိမ်ထဲပါ။ သူတို့ပြောပြတဲ့အတိုင် နို့တိုက်ပြီးတိုင်း နိုပ်ပေးပါတယ်။ ယခုချိန်ထိ နို့တီးမြဲပါဘဲ။ ကလေးကြည်ပြီး စိတ်ဆင်းရဲရပါတယ်။ ကျနော်တို့ကို ရှင်းပြပေးပါအုံး ဆရာခင်ဗျ။ ကလေးကတစ်ဦးပါဆရ။ာ လေးစားလျှက်။

ဆောရီး။ ကလေးဆရာဝန်ပြထားရင် ကောင်းပါတယ်။ စောင့်ကြည့်ပါ။ လိုသေး မေးပါ။

ဟုတ်ဆရာ။ ကျနော်တို့က ဆေရုံဆင်းခဲ့တာ ၃ ရက်ရှိပါပြီ။ ကျနော်တို့က တောရွာကပါဆရာ။ ဆရာတွေရွာမှာမရှိပါ သွားရတာလည်းခက်ပါတယ်။ စောင့်ကြည့်တာကြာပါပြီးဆရာ။ ဆေးရုံဆင်းကတည်ကပါဆရာ။ နို့ဆို့လို့ တီးမြဲပါဘဲ။ တီးပြီးသွားရင် ချို့ထိုးပါတယ်။ နို့ပြန်တိုက်မှ ပျောက်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ အစဉ်လေးစားလျက်။

ကြို့ထိုးတာ စိုးရိမ်စရာမရှိပါ။ ကလေးငယ်လေးတွေမှာ ချိုတိုက်ပြီး တမျိုးတမျိုးဖြစ်တာ အများအားဖြင့် စိုးရိမ်စရာမရှိပါ။ ဆက်တိုက် အန်တာကိုသာ သတိထားရမယ်။

သတ်ပုံမှားတာ ၂ ခါဆိုတော့ ဖုန်း (ကီးပက်) သေးလွန်းလို့ စာရိုက်လွဲသွားတာ မဟုတ်မှန်းသေချာသွားပါတယ်။
၁။ နို့ဆို့လို့ မဟုတ်ပါ။ နို့စို့လို့သာ ရေးရတယ်။
၂။ တီးမြဲပါပဲ မဟုတ်ပါ။ သီးတယ်လို့သာ ရေးရတယ်။
၃။ ချို့ထိုး မဟုတ်ပါ။ ကြို့ထိုးလို့သာ ရေးရတယ်။
၎။ တစ်ဦးကလေး မဟုတ်ပါ။ တချို့မှားသလို သက်ဦးကလေးလည်း မဟုတ်ပါ။ သားဦးကလေးသာဖြစ်ပါတယ်။ လူတွေ အများကြီးမှားကြသလို ခလေး မဟုတ်ပါ။ ကလေးဖြစ်ပါတယ်။

တိုင်းရင်သားလူမျိုးတွေဆိုရင်တော့ နားလည်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အသုံးပြုတဲ့ဘာသာစကားကို အတတ်နိုင်ဆုံး အသံထွက်မှန်အောင်၊ သတ်ပုံမှန်အောင်၊ သဒ္ဒါမှန်အောင်ကြိုးစားသင့်ကြပါတယ်။ တိုင်းရင်သားလူမျိုးဆိုရင် တိုင်းရင်သား ဘာသာနဲ့လွှင့်တဲ့ မီဒီယာတွေမှာ အလုပ်ကောင်းကောင်းရနိုင်တယ်။

အခုမေးတဲ့ (၁ဝ) ရက်သားကလေး နောင်တချိန်မှာ လန်ဒန်မှာဖြစ်ဖြစ်၊ ဝါရှင်တန်ကနေဖြစ်ဖြစ် မြန်မာဘာသာနဲ့လွှင့်တဲ့ ရေဒီယိုမှာ တာဝန်မယူရဘူးလို့မပြောနိုင်ပါ။ ပြည်တွင်းမီဒီယာတွေကိုတော့ သတ်ပုံ-သဒ္ဒါအသံထွက် မှန်မမှန် သိပ်မသိပါ။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး