Single Version ဗားရှင်း

၁၅-၇-၂ဝ၁၆ နေ့က တပ်မတော်စစ်သမိုင်းပြတိုက်ကို ဒေါ်စုသွားကြည့်တဲ့သတင်းကို ဗာရှင်းအမျိုးမျိုးနဲ့တင်ကြတယ်။ မြဝတီကတမျိုး၊ မြန်မာ့အလင်းကတဖုံ။ ဂျာနယ်တွေလည်း အစုံ။ လူမှုရေးကွန်ရက်တွေကတော့ နှစ်ယောက်နှစ်မျိုး။ ဖေ့စ်ဘွတ်ဆိုတာ အတူတူတွေစုထားသလိုဖြစ်လို့ ကိုယ့်ဖေ့စ်ဘွတ်သာကြည့်သူတွေက ဗားရှင်းတခုတည်းသာသိမယ်။ ကိုယ်နဲ့မတူသူတွေမှာက နောက်တရှဉ်း။

အရေးအကြီးဆုံးပုဂ္ဂိုလ်နှစ်ယောက်ကို ပုံရဲ့ဘယ်နေရာမှာထားသလည်းဆိုတာ တင်တဲ့သူရဲ့ ခံစားချက်၊ သူများကိုလည်း အဲလိုမြင်စေ ထင်စေချင်တဲ့ စိတ်နေသဘောထားလို့မြင်တတ်ရမယ်။ အကြည့်ခိုင်းတာကိုကြည့်ရတာလို့ သဘောပေါက်ရမယ်။

ကျွန်တော်က နေပြည်တော်နဲ့ အဝေးကြီးမှာနေရတဲ့သူမို့ အကဲဖြတ်ရတာ အမှားနည်းအောင် စုံအောင်ကြည့်ရပါတယ်။ ဘက်တို့၊ ဒေါင့်တို့၊ အတိုအရှည်တို့၊ အဖြူအမည်းတို့၊ အပေါ့အငန်တို့ မှန်အောင်တိုင်းတာနိုင်လေ အမှားနည်းလေ။ မူးခြာပတ်ခြာလည်အောင်ကြည့်တာလည်း အမှားကင်းတာ မဟုတ်သေးပါ။

ဒီသတင်းမှာ အမှားကင်းတာ ဗားရှင်းနှစ်ခုသာရှိတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်။ အဲတာ နှစ်ခုလုံးကို မြင်အောင်ကြည့်တတ်ရမယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဗားရှင်းတခုတည်းသာရှိလာရင်တော့ ပြည်တော်သာခေတ် ရောက်ပါပြီ။

ဒေါက်တာတင့်ဆွေ
၁၇-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး