The carpet on head ခင်းနှီးခြုံ လုံပါပေ့

Khin Gyaw ဆရာတို့က ကော်ဇောနီခင်းကြိုရမဲ့အဆင့်တွေပါ။ ကျန်တဲ့သာမန်လူတွေလို ဆက်ဆံခံရလို့ အားမလိုအားမရ ဖြစ်တာပါ ဆရာ။

အဲလိုတော့ မဟုတ်ပါ။

• ၉ဝ ရလဒ်ဆိုတဲ့ ကမ္ဗလာခင်းနှီး၊ ခြုံလွှမ်းပြီး ခရီးဆက်၊
• ပွက်ပွက်ဆူအပူကို လဖက်ရည်ကြမ်းသောက်သူ မမှုပါ၊
• ကန္တာရလမ်းမှာ၊ ထမ်းပိုးသူမပါဘဲသွား၊
• ကျား၊ ခြင်္သေ့၊ တောဘုရင်၊ သမင်သာစားလို့ရမယ်၊ ငါကား အုတ်ကြားမြက်၊
• အိပ်စက်နားစရာ၊ နှီးဖြာနဲ့ တာလပတ်သာပိုင်တယ်၊
• ယိုင်သော်လည်း မလဲ၊ လဲပေမယ့် ထလျှောက်၊ နောက်ဆုံးချိန်အထိ၊
• တွက်ဆစ်ကြည့် ကျိုးခဲ့တာ ခြေတချောင်းရှိ၊ ပဲ့ခဲ့တာ လက်ကောက်ဝတ်တဖက်တိတိ၊
• ၂၆ နှစ်ရှိ၊ လူနင်းသည့် ကမ္ဗလာခြုံ လုံပါပေ့ဗျာ။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး