အကြင်မိန်းကလေးသည်

စစ်နှင့်ငြိမ်းချမ်းရေး ၆ နှင့်စပ်လျဉ်း၍

အကြင်မိန်းကလေးသည် ဆယ်ကျော်သက်အရွယ်ဖြစ်သည်။ သူမသည် နုနယ်သည်။ ငယ်လည်း ငယ်မျစ်သည်။ ချစ်လည်း ချစ်စရာကောင်းသည်။

‘ရွှေဝါပိတ်ရှင်း၊ ထည်ချင်းစံပယ်၊ နံ့ကြွယ်လှိုင်ကြူ၊ မဉ္စူမျက်မည်း၊ ဖော်ထပ်စည်းနှင့်၊ မရည်းမထင်၊ ဖြုတ်ချည်းမြင်က၊ နတ်ပင်ရိုးမှား၊ ဝိုးဝါးတွေးချွတ်၊ စိတ်လုံးညွှတ်’ ဖွယ်လည်းကောင်းသည်။

‘ထုံးမြရွက်နှင့်၊ လိုက်ဖက်တင့်မှတ်၊ ကိုယ်ဝတ်တော်မှာ၊ မလ္လာရနံ့၊ မွှေးပျံ့ကြိုင်ရွှင်း၊ ပယင်းရွှေရည်၊ ပွတ်လဲ့ကြည်သို့၊ မြရည်ကြောစိမ်း၊ လဲ့လဲ့ရှိန်းမျှ၊ ခပ်သိမ်းကလျာ၊ ရှုဘွယ်သာလျှင်၊ သိင်္ဂါလျှံတောက်၊ လက်ကောက်လက်ကြပ်၊ ရည်လျှပ်ဆံကျင်၊ မျှမဆင်လည်း၊ တိုင်းပင်တင့်မှတ်’ ရသော လှခေါင်ထွတ်တဦးလည်းဖြစ်သည်။့

လှခေါင်ထွတ်တစ်ဦးတည်း မဟုတ်ကြောင်းပါ။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး