ဆရာဝန်သည် အချည်းအနှီးသာဖြစ်သည်

စစ်နှင့်ငြိမ်းချမ်းရေး ၇ နှစ်စပ်လျဉ်း၍
- ၁ -

၁၈၅၇ ခု။
ဂျူလိုင် ၂၆။ ယနေ့နံနက် နေမကောင်း။ တနေ့လုံး ဖဲကစားသည်။ အကုန်ရှုံးသည်။ ညစာကို အိမ်တွင်စားသည်။ အဖျားတက်လာပြီး၊ ရှက်ဖွယ်ကောင်းလှသော ဖဲဝါသနာကို ဖြတ်ရန် ကြိုးစားကြည့်သည်။ သို့ရာတွင် တည်ငြိမ်စွာ မတွေးနိုင်။ အဖျားတက်သဖြင့် ကယောင်ချောက်ချား စဉ်းစားခြင်းမျိုးသာဖြစ်သည်။

ဂျူလိုင် ၂၇။ ပြင်သစ်မိတ်ဆွေတဦးထံမှ ငွေ ၂ဝဝ ချေး၍ ကစားပြန်သည်။ ရှုံးပြန်သည်။ မိတ်ဆွေများထံစာရေးသည်။ နောက်ထပ်မကစားတော့ဟု ဆုံးဖြတ်လိုက်သည်။ တည်ငြိမ်စွာ စဉ်းစားနိုင်စပြုလာပြီ။

ဂျူလိုင် ၂၈။ အိပ်ယာမှ ကြည်လင်စွာနိုးလာသည်။ ယနေ့ ဆရာဝန်ထံသွားပြသည်။ တပတ်လောက်ကုရမည်ဟု ပြောသည်။ သို့ရာတွင် ကျွန်ုပ်အဖို့ကား ဆရာဝန်သည် အချည်းအနှီးသာဖြစ်သည်။ (တော်လ်စထွိုင်း၏ နေ့စဉ်မှတ်တမ်းများမှ။)

တစ်နေ့လုံး ဖဲကစားသည် မဟုတ်။
ပြင်သစ်မိတ်ဆွေတစ်ဦးထံမှ မဟုတ်။
တစ်ပတ်လောက်ကုရမည်ဟုပြောသည် မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ