ဘဲအုပ်မှာ တရာနှစ်ရာ

Phywe Angelic ဆရာရှင့် "မြို့တစ်မြို့" နဲ့ "မြို့တမြို့" ဆိုတာ ဘယ်ဟာအမှန်ပါလဲရှင်။

Tint Swe အကြိမ်တရာ (တစ်ရာ မဟုတ်) ရေးထားပြီးပါပြီ။ (ပီးပါပီ မဟုတ်)။

(မြိုတစ်မြို့) လို့ရေးရင် (မြိုသစ်မြို့) နဲ့ Sister town ညီအမမြို့ဖြစ်မယ်။ ဒါမှမဟုတ် စကားပီသအောင်မပြောတတ်သူက စကားပြောအတိုင်းရေးတာ ဖြစ်ပါမယ်။

(တ) တလုံးတည်းရေးရမယ့်နေရာတွေမှာ နေရာတကာ (တစ်) ရယ်လို့ဖြစ်လာတာက ၁၉၈၁ ခုနှစ်ကဖြစ်ပါတယ်။ အမျိုးသားပညာရေး လောကတွင် ဦးဖိုးကျားသည် ကျော်ကြားသော ခေါင်းဆောင်ကြီးတဦးဖြစ်သည်။ မြန်မာစာပေလောက၌ ထင်ရှားသောပုဂ္ဂိုလ်တဦးလည်းဖြစ်သည်။ ပုသိမ်မြို့ တိုင်တရာ စကောကရင်ကျောင်းတွင် ဆက်လက်ပညာသင်ကြားလို့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာပါတယ်။ ခေါင်းဆောင်ကြီး (တစ်ဦး)၊ ထင်ရှားသောပုဂ္ဂိုလ် (တစ်ဦး) လို့ မဟုတ်ခဲ့ပါ။

ဒါပေမဲ့ ၂ဝ၁ဝ၊ အောက်တိုဘာလထုတ် မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ အမျိုးသားပညာဝန် ဦးဖိုးကျား ဆောင်းပါးမှာ ကျောင်းနာမည်ဟာ (တိုင်တစ်ရာ) ဖြစ်သွားတယ်။ မြန်မာ့ပညာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူရဲ့ ကျောင်းနာမည်ကို ပြောင်းခဲ့ကတည်းက အမျိုးသားပညာရေးဟာ ကျဆင်းဆုတ်ယုတ်လာတာဖြစ်တယ်။

(ပြီ) နဲ့ (ပြီး) ကို (ပီ) နဲ့ (ပီး) လို့ပြောင်းတာက ဦးနေဝင်းအလွန်ခေတ်ရောက်မှဖြစ်လာတာ။ အဲတာ (ပါပီ) ခေတ်။

ဘဲအုပ်မှာ တရာနှစ်ရာ၊
ဗေဒါက တပင်တည်း၊
အယက်အကန်ခံလို့၊
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ပဲ။ (ဆရာဇော်ဂျီ)

https://www.youtube.com/watch?v=jBIwQWGg1-U

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး