Etiquette ကျင့်ဝတ်ထုံးတမ်း


ငယ်ငယ်တုံးက မွေးဇာတိ မင်းရွာကိုအလည်သွားရင် မြေကြီးချခင်းထားတဲ့ စားပွဲဝိုင်းမှာ ထိုင်ပြီးထမင်းစားရတယ်။ ဦးလေးတွေအဒေါ်တွေက ထမင်းစားရင် ဖိနပ်ချွတ်စားရတယ်လို့သင်ပေးကြတာကို အခုထိ မမေ့ပါ။

ကြီးလာလို့ တခြားတိုင်းပြည်မှာနေရတော့ သူများနိုင်ငံတွေလျှောက်သွားရလို့ အက်တိကက် စာအုပ်ဖတ်ထားရတယ်။ ဓါးအသွားကို ခက်ရင်းဖက် လှည့်မထားနဲ့လို့ ပါတယ်။ နောက်တအုပ်မှာ ပြောင်းပြန်ရေးထားတယ်။ တရုပ်ပြည်မသွားခင် ဖတ်တာထဲမှာ တူကို ဘယ်လိုကဘယ်လို ထားရတာဖတ်မိတယ်။ ဟိုရောက်ပြီး အိမ်ရှင်တရုပ်အစစ်တွေကိုပြောပြတော့ မလိုပါဘူးဗျာ ကြိုက်သလိုသာထာားပါတဲ့။ အဲတော့ ပိုစားကောင်းတယ်။ Smile

ဒေါက်တာတင့်ဆွေ
၁၇-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး